မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် အတွင်း လက်နက်ကိုင်အကြမ်းဖက်သူ တချို့အား လက်လုပ်မိုင်း၊ လက်ပစ်ဗုံး၊လက်နက်ငယ်များနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန် ၂၂

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိ သော တပ်ဖွဲ့ဝင်များသည်မန္တလေးမြို့ အတွင်းဖောက်ခွဲဖျက်ဆီးရေးဆောင်ရွက်ရန် လက်နက်ခဲယမ်းများ နှင့်အတူ အကြမ်းဖက်သူတချို့ရောက်ရှိခိုအောင်းနေကြောင်းသတင်းအရ ယနေ့နံနက်၇နာရီခွဲခန့်တွင် ၁၁၁ လမ်း နှင့် ၅၄ လမ်းထောင့်ရှိ နေအိမ်အတွင်း သွားရောက်ရှာဖွေစစ်ဆေးဆောင်ရွက်စဉ် အကြမ်းဖက်သူများ က လက်ပစ်ဗုံးများ၊ လက်နက်ငယ် များဖြင့် စတင်ပစ်ခတ် တိုက်ခိုက်လာခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အပြန် အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လုံခြုံ‌ရေး တပ်ဖွဲ့ဝင်အချို့အပြင်းအထန်ထိခိုက် ဒဏ်ရာရရှိ ခဲ့ကာ အကြမ်းဖက်သူများအဖွဲ့မှ သေဆုံးသူ ၄ ဦး၊ ဖမ်းဆီးရမိသူ ၈ ဦးနှင့်အတူ လက်လုပ်မိုင်း၊ လက်ပစ်ဗုံး၊ လက်နက်ငယ်တချို့ သိမ်းဆည်းရမိခဲ့ သည်။

တစ်ချိန်တည်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ၅၃ လမ်းပေါ်မှ စိစစ်ဆဲ ပါကျဲရိုး အဖြူ ရောင်မော်တော်ယာဉ် တစ်စီးဖြင့် လက်နက်ငယ်များအသုံးပြု၍ ပစ်ခတ်တိုက်ခိုက်ထွက်ပြေးသွားခဲ့ ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များကလိုက်လံ ပိတ်ဆို့ဖမ်းဆီးခဲ့သဖြင့် ၁၁၀ လမ်း နှင့် ၅၆ လမ်းထောင့်ရှိ ထရန်စဖော်မာအားအရှိန်ဖြင့် ဝင်တိုက်ခဲ့ပြီး အဆိုပါမော်တော်ယာဉ်အား သေဆုံးလျက်ရှိသောအကြမ်း ဖက်သူ ၄ ဦးနှင့်အတူသိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။