မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ သပိတ်ကျင်းမြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်တို့၌ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၁၄၄ အရ အမိန့်ထုတ်ပြန်

နေပြည်တော်  မတ်  ၁၈

နေပြည်တော်ကောင်စီနယ်မြေအတွင်းနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များအတွင်းရှိ မြို့နယ်များ၌ ဖေဖော်ဝါရီ ၈ ရက်၊ ဖေဖော်ဝါရီ ၉ ရက်နှင့် မတ် ၈ ရက်တို့တွင်ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၁၄၄ အရ အမိန့်ထုတ်ပြန် ခဲ့ပြီးဖြစ်သည်။

ထိုသို့ထုတ်ပြန်ရာ ယနေ့တွင်လည်း မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ သပိတ်ကျင်းမြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်တို့၌စုဝေးခြင်း၊   ဟောပြောခြင်း၊   ယာဉ်တစ်မျိုးမျိုးကို အသုံးပြု၍ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ် စေ စီတန်းလှည့်လည်ခြင်း၊ လှုံ့ဆော်ဆန္ဒပြခြင်း၊ ဖျက်ဆီးခြင်း၊ ရုန်းရင်းဆန်ခတ်ပြုမူခြင်းများကိုမပြုလုပ်ရန် တားမြစ်လိုက်ပြီး လူငါးဦး သို့မဟုတ် ငါးဦးထက်ပိုသောသူများသည် ယင်းမြို့နယ်များအတွင်း အများပြည်သူ နှင့်ဆိုင်သောနေရာများတွင် စုဝေးခြင်းမပြုရန်နှင့် ည ၈ နာရီအချိန်မှနံနက် ၄ နာရီအချိန်အတွင်း ညမထွက်ရ အမိန့်ကို ထပ်မံထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။

(၁၀၀)