မန္တလေးတိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဌဖလား ခရိုင်ပေါင်းစုံ အသက် (၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ပြုလုပ်

နေပြည်တော်၊ မေ - ၂၃

မန္တလေးတိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဌဖလား ခရိုင်ပေါင်းစုံ၊ အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို မေ ၂၂ ရက် ညနေပိုင်းတွင် အောင်မြေသာစံမြို့နယ်ရှိ ဗထူးအားကစားကွင်း၌ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဌ ဦးမောင်ကို နှင့် တိုင်းဒေသ ကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒိုင်အဖွဲ့ဝင် များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြ သည်။

ဦးစွာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဉက္ကဌနှင့် တက်ရောက်လာကြ သူများက ဗိုလ်လုပွဲပွဲစဉ်ဖြစ်သည့် ပြင်ဦးလွင်ခရိုင်အသင်းနှင့် မိတ္ထီလာခရိုင်အသင်း တို့၏ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးကြသည်။

ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ တစ်ဦးချင်းဆုရရှိသူများ၊ အသင်း လိုက်ဆုရရှိသူများနှင့် ဖလားဆုရရှိသည့် မိတ္ထီလာခရိုင်အသင်းတို့အား တိုင်းဒေသ ကြီးစီမံအုပ်ချုပ်ရေးကောင်စီဉက္ကဌ နှင့် တာဝန်ရှိသူများက တံခွန်စိုက်ဖလားနှင့် ဆုများအသီးသီးပေးအပ်ကြသည်။

အဆိုပါ မန္တလေးတိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဌဖလား ခရိုင် ပေါင်းစုံ၊ အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၇ သင်းဖြင့် မေ ၁၃ ရက်မှ ၂၂ ရက်အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။