မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်အတွင်းရှိ ဘာသာရေး အသင်းအဖွဲ့ များအား ဆန်၊ ဆီ၊ ပဲနှင့် ကြက်သွန်နီများ ထောက်ပံ့ပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်အတွင်းရှိ ဘာသာရေး အသင်းအဖွဲ့ များအား ဆန်၊ ဆီ၊ ပဲနှင့် ကြက်သွန်နီများ ထောက်ပံ့ပေးအပ်

နေပြည်တော်၊ စက်တင်ဘာ - ၂၃

  မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင် အတွင်းရှိ ဘာသာရေး အသင်းအဖွဲ့ များအား ဆန်၊ ဆီ၊ ပဲနှင့် ကြက်သွန်နီများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နေ့လယ် ပိုင်းတွင် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့တော်ခန်းမ၌ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဘာသာရေး အသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ဝန်ကြီးချုပ်က ထောက်ပံ့ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြော ကြားသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က မန္တလေးတိုင်း ခရိုင်အတွင်းရှိ ဘာသာရေးအဖွဲ့ ၃၅ ဖွဲ့အတွက် ဆန် ၃၅၄ အိတ်၊ ဆီ ၇၀၇ ပိဿာ၊ ကုလားပဲ ၇၀၇ ပိဿာနှင့် ကြက်သွန်နီ ၇၀၇ ပိဿာတို့ကို ထောက်ပံ့ပေးအပ်ရာ ဘာသာရေးအသင်း အဖွဲ့များမှ တာဝန်ရှိသူများက လက်ခံရယူကြပြီး တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင် စကားပြန်လည် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။