မန္တလေးတိုင်းဒေသကြီး စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ အကြိုညီလာခံ(၂၀၂၁) အစည်းအဝေး ပြုလုပ်

မန္တလေးတိုင်းဒေသကြီး စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ အကြိုညီလာခံ(၂၀၂၁) အစည်းအဝေး ပြုလုပ်
နေပြည်တော်၊ အောက်တိုဘာ - ၂၅
မန္တလေးတိုင်းဒေသကြီးစစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ အကြိုညီလာခံ(၂၀၂၁) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ရန်အောင်မြင် ခန်းမ၌ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ နာယက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး နှင့် တာဝန်ရှိသူများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်းကြီးကြပ်ရေး အဖွဲ့မှ တာဝန်ရှိသူများ၏ ဆွေးနွေးတင်ပြမှုများအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးသည်။ ထို့နောက် တိုင်းမှူးက စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ဝင် များအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။