မန္တလေးမြို့မတူရိယာအသင်းအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ချီးမြှင့်သည့် တူရိယာပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေး အပ်ပွဲပြုလုပ်

မန္တလေးမြို့မတူရိယာအသင်းအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ချီးမြှင့်သည့် တူရိယာပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေး အပ်ပွဲပြုလုပ်

နေပြည်တော်၊ စက်တင်ဘာ - ၂၆
    
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မန္တလေးမြို့မတူရိယာအသင်းအတွက် ပေးအပ်ချီးမြှင့်သည့် တူရိယာပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းကို စက်တင်ဘာ ၂၅ ရက် နေ့လယ် ပိုင်းတွင် မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီမြို့တော်ခန်းမ၌ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မန္တလေးမြို့မတူရိယာ အသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
    
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ချီးမြှင့်ထောက်ပံ့ခြင်းနှင့်ပတ်သက်၍ အမှာ စကားပြောကြားသည်။ ထို့နောက် မန္တလေးမြို့မတူရိယာ အသင်းအတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်(ကိုယ်စား) တိုင်းမှူးက တူရိယာ ပစ္စည်းများဖြစ်သည့် Drum Set မျိုးစုံ၊ Percussion(LPUSA)မျိုးစုံ၊ Violin ၅ လက်၊ Flute ၁ လက်၊ Clarinet ၁ လက်၊ Trumpet ၁ လက်၊ Saxophone ၁ လက်နှင့် Cello & Stand ၁ စုံတို့ကို ပေးအပ်ရာ အသင်းနာယကမှ လက်ခံရယူသည်။
    
ဆက်လက်၍ ဝန်ကြီးချုပ်က မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေး အပ်သည့် ဆန် ၄၀ အိတ်၊ ဆီ ၂၀ ပိဿာ၊ ကုလားပဲ ၄၀ ပိဿာ၊ ကြက်သွန်နီ ၄၀ ပိဿာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ရာ အသင်းတာဝန်ရှိသူများက လက်ခံရယူ ကြပြီး တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။