မန္တလေးမြို့၊ အရှေ့ပြင်နယ်လုံးဆိုင်ရာ ပြည်ကြီးမျက်မှန်ရပ်ကွက်ရှိ မဟာလောကရန် နှိမ်အောင်တော်မူမြတ်စွာဘုရား ဗုဒ္ဓဆင်းတုတော်မြတ်ကြီးအား ယာယီစံကျောင်း တော်မှ မူလစံကျောင်းတော်သို့ ပင့်ဆောင်ပူဇော်ခြင်း မင်္ဂလာပြုလုပ်

မန္တလေးမြို့၊ အရှေ့ပြင်နယ်လုံးဆိုင်ရာ ပြည်ကြီးမျက်မှန်ရပ်ကွက်ရှိ မဟာလောကရန် နှိမ်အောင်တော်မူမြတ်စွာဘုရား ဗုဒ္ဓဆင်းတုတော်မြတ်ကြီးအား ယာယီစံကျောင်း တော်မှ မူလစံကျောင်းတော်သို့ ပင့်ဆောင်ပူဇော်ခြင်း မင်္ဂလာပြုလုပ်

နေပြည်တော်၊ စက်တင်ဘာ - ၂၀

မန္တလေးမြို့၊ အရှေ့ပြင်နယ်လုံးဆိုင်ရာ ပြည်ကြီးမျက်မှန်ရပ်ကွက်ရှိ မဟာ လောကရန်နှိမ်အောင်တော်မူ မြတ်စွာဘုရားဗုဒ္ဓဆင်းတုတော်မြတ်ကြီးအား အဆိုပါ ဘုရားပုရဝုဏ်အတွင်းရှိ ယာယီစံကျောင်းတော်အောင်ဓမ္မာရုံမှ မူလစံကျောင်းတော် သာသနာ့ဗိမာန်သို့ ပင့်ဆောင်ပူဇော်ခြင်းမင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးသံဃနာယကအဖွဲ့အကျိုးတော်ဆောင် မန္တလေးမြို့၊ ဒိုက်ဦး ကျောင်းဦးစီးပဓာန ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဇောတိကာဘိဝံသ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက်ကြ သည်။

ဦးစွာ မန္တလေးမြို့၊ ဒိုက်ဦးကျောင်းဦးစီးပဓာန ဆရာတော်အမှူးပြုသော သံဃာတော်များက ရောင်ခြည်တော် ဖွင့်ဂါထာဖြင့် မြတ်စွာဘုရားအားပင့်ဆောင်ခြင်း၊ ပရိတ်တရားတော် များရွတ်ဖတ်ပူဇော်ခြင်းနှင့် မဟာလောကရန်နှိမ်အောင်တော်မူ မြတ်စွာဘုရားဗုဒ္ဓဆင်းတုတော်မြတ်ကြီးအား နံ့သာရည်များပက်ဖျန်းပူဇော်ခြင်းများ ဆောင်ရွက်တော်မူကြပြီး မင်္ဂလာဝန်ချီစက်ယာဉ်ဖြင့် မူလသီတင်းသုံးရာ သာသနာ့ ဗိမာန်ရှိ သီဟာသနပလ္လင်တော်သို့ ပင့်ဆောင်ကြသည်။

ထို့နောက် မြတ်စွာဘုရားဗုဒ္ဓဆင်းတုတော်မြတ်ကြီးအား ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ်ကာ နံ့သာရည်များပက်ဖျန်းပူဇော် ခဲ့ကြသည်။