မန်စီးတီးအသင်း တိုက်စစ်ကစားသမားဟာလန်း ယခုဘောလုံးရာသီ ခြောက်ကြိမ်မြောက် ဟက်ထရစ် သွင်းဂိုးသွင်းယူနိုင်

မန်စီးတီးအသင်း တိုက်စစ်ကစားသမားဟာလန်း ယခုဘောလုံးရာသီ ခြောက်ကြိမ်မြောက် ဟက်ထရစ် သွင်းဂိုးသွင်းယူနိုင်

မန်စီးတီးအသင်း တိုက်စစ်ကစားသမား ဟာလန်းသည် အက်ဖ်အေဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့် ပွဲစဉ်အဖြစ်ကစားသည့် မန်စီးတီးအသင်းနှင့် ဘန်လေအသင်းတို့ပွဲစဉ်၌ အသင်းအတွက် သုံးဂိုးသွင်းယူနိုင် သည့်အတွက် ယခုဘောလုံးရာသီတွင် ခြောက်ကြိမ် မြောက်ဟက်ထရစ်သွင်းဂိုး သွင်းယူနိုင်ခဲ့ကြောင်း သိရ သည်။

အဆိုပါပွဲစဉ်၌  မန်စီးတီးအသင်းက   ဘန်လေ အသင်းကို အိမ်ကွင်းတွင်  ၆ ဂိုး- ဂိုးမရှိဖြင့်  အနိုင် ရရှိပြီး ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ကာ ဟာလန်းက ပွဲချိန် ၃၂ မိနစ်၊ ၃၅ မိနစ်နှင့် ၅၉ မိနစ်တို့ တွင် အသင်းအတွက် ဟက်ထရစ်သွင်းဂိုး သွင်းယူနိုင်ခဲ့ ခြင်းဖြစ်သည်။

ယခုဘောလုံးရာသီတွင် ဒေါ့မွန်အသင်းမှ မန်စီးတီးအသင်းသို့  ပြောင်းရွှေ့ကစားခဲ့သည့်  ဟာလန်းသည် မန်စီးတီးအသင်းနှင့်အတူ   အကောင်းဆုံးခြေစွမ်းပြ လျက်ရှိကာ  ဘန်လေအသင်းနှင့်ကစားသည့်   ပွဲစဉ် မတိုင်မီက   လိုက်ပဇစ်အသင်း၊  ဝုဗ်အသင်း၊ မန်ယူ အသင်း၊  နော်တင်ဟမ်အသင်း၊  ခရစ္စတယ်ပဲလေ့စ် အသင်းတို့နှင့် ကစားသည့်ပွဲစဉ်များ၌    ဟက်ထရစ် သွင်းဂိုးသွင်းယူနိုင်ခဲ့ပြီး ယခုအခါ ခြောက်ကြိမ်မြောက် ဟက်ထရစ်သွင်းဂိုး သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

ဟာလန်းသည်    ပရီးမီးယားလိဂ်ပြိုင်ပွဲ၌လည်း ၂၈ ဂိုးအထိ သွင်းယူထားပြီး ပြိုင်ပွဲစုံ ၄၁ ဂိုးသွင်းယူ ထားခြင်း ဖြစ်ကြောင်း သိရသည်။

Ref;One Football