မန်စီးတီးအသင်း အဓိကခံစစ်ကစားသမား ဒီယက်စ်ကို လုပ်ခလစာသုံးဆခန့်တိုးမြှင့်ပေးပြီး သက်တမ်းတိုး စာချုပ်ချုပ်ဆိုမည်

မန်ချက်စတာ၊ ဘောလုံး

မန်စီးတီးအသင်းသည် အသင်းမှ အဓိကခံစစ်ကစား သမားတစ်ဦးဖြစ်သည့် ဒီယက်စ်ကို တစ်ပတ်လုပ်ခလစာ သုံးဆခန့်တိုးမြှင့်ပေးပြီး    သက်တမ်းတိုးစာချုပ်ချုပ် ဆိုမည်ဖြစ်ကြောင်း သိရသည်။

ဒီယက်စ်သည်  ပြီးခဲ့သည့်နွေရာသီကစားသမား အပြောင်းအရွှေ့ကာလက   ဘင်ဖီကာအသင်းမှ မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၆၀ ဖြင့် ပြောင်းရွှေ့လာသူဖြစ်ပြီး လက်ရှိတွင် တစ်ပတ်လုပ်ခလစာ စတာလင်ပေါင် ၉၀၀၀၀ သာရရှိ ကာ စီနီယာကစားသမားများတွင် လုပ်ခလစာအနည်း ဆုံးကစားသမားအဖြစ် ရပ်တည်နေသူဖြစ်သည်။

ဒီယက်စ်သည်  မန်စီးတီးအသင်းနှင့်  ပထမဆုံး ရာသီမှာပင်  အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ကာ  ပြီးခဲ့ သည့်ဘောလုံးရာသီက အဓိက ခံစစ်ကစားသမားအဖြစ် ပွဲထွက်ခွင့်ရရှိခဲ့ပြီး အသင်းနှင့်အတူ ပရီးမီးယားလိဂ် ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့သည့်အပြင်  ပရီးမီးယားလိဂ်   တစ်နှစ်တာ  အကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့သူဖြစ်သည်။

ဒီယက်စ်သည် ပြီးခဲ့သည့်ဘောလုံးရာသီက မန်စီးတီးအသင်းနှင့် ခြေစွမ်းပြနိုင်ခဲ့သောကြောင့် တစ်ဦးချင်းဆုတံဆိပ်များစွာ ရယူနိုင်ခဲ့ သည့်အတွက် မန်စီးတီးအသင်းကလည်း   တစ်ပတ်လုပ်ခလစာကို စတာလင်ပေါင် ၉၀၀၀၀ မှ ၂၅၀၀၀၀  အထိ သုံးဆ ခန့်တိုးမြှင့်ပြီး   သက်တမ်းတိုးစာချုပ်ချုပ်ဆိုမည်ဖြစ် ကြောင်း သိရသည်။                  

Ref;The Guardian