မန်ယူအသင်းသို့ ငါးနှစ်စာချုပ်ဖြင့် အပြီးသတ်ပြောင်းရွှေ့လာသည့် တိုက်စစ်မှူးဆန်ချို အသင်းတွင်  ကျောနံပါတ် (၂၅) ဝတ်ဆင်ကစားမည်

မန်ယူအသင်းသို့ ငါးနှစ်စာချုပ်ဖြင့် အပြီးသတ်ပြောင်းရွှေ့လာသည့် တိုက်စစ်မှူးဆန်ချို အသင်းတွင်  ကျောနံပါတ် (၂၅) ဝတ်ဆင်ကစားမည်

ဒေါ့မွန်အသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့ကြေး စတာလင်ပေါင်  ၇၃ သန်းဖြင့် ငါးနှစ်စာချုပ်ချုပ်ဆိုပြီးပြောင်းရွှေ့လာသည့် တိုက်စစ်မှူး ဆန်ချိုသည် မန်ယူအသင်းတွင် ကျောနံပါတ် (၂၅) ကို ဝတ်ဆင်ကစားမည်ဖြစ်ကြောင်း သိရသည်။အသက် ၂၁ နှစ်အရွယ် ဆန်ချိုသည် ပြီးခဲ့သည့် ရက်သတ္တပတ်ကတည်းက မန်ယူအသင်းသို့ပြောင်းရွှေ့ကစားရန် သဘောတူညီမှုရရှိခဲ့သော်လည်း ဇူလိုင် ၂၃ ရက်က  အသင်းနှင့်  တရားဝင်စာချုပ်ချုပ်ဆိုပြီး ပူးပေါင်းခဲ့ခြင်းဖြစ်သည်။
ဆန်ချိုသည် အစောပိုင်းကတည်းက မန်ယူအသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီးနောက် ယခင်က ထိပ်တန်း ကစားသမားများဖြစ်သည့် ကန်တိုနာ၊ ဒေးဗစ်ဘက် ခမ်းနှင့် စီရော်နယ်ဒိုတို့ဝတ်ဆင်ကစားခဲ့သည့် ဂန္ထဝင် ကျောနံပါတ်ဖြစ်သော နံပါတ် (၇) ကို ဝတ်ဆင်ကစားရန်ပြင်ဆင်ထားသော်လည်း လက်ရှိဝတ်ဆင်ကစားနေသည့် ကာဗာနီက ဆက်လက်ဝတ်ဆင်ကစားမည်ဖြစ်သည့်အတွက် ကျောနံပါတ် (၂၅) ကို ပြောင်းလဲဝတ်ဆင် မည်ဖြစ်သည်။
ဆန်ချိုသည် ဇူလိုင် ၂၃ ရက်မှစ၍ အသင်းနှင့်စတင်ပူးပေါင်းခဲ့သော်လည်း မန်ယူအသင်းနှင့် ပထမ ဆုံးပွဲစဉ်ကို သြဂုတ် ၇ ရက်တွင်ကစားမည့် အဲဗာတန် အသင်းနှင့်ခြေစမ်းပွဲစဉ်မှသာ စတင်ပါဝင်ကစားဖွယ်ရှိကြောင်း သိရသည်။