မန်ယူအသင်း သမိုင်းတစ်လျှောက် ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်၌ ဟက်ထရစ် သွင်းယူနိုင်သည့် ပထမဆုံးကစားသမားအဖြစ် ကွင်းလယ် ကစားသမား ဘရူနိုဖာနန်ဒက် မှတ်တမ်းဝင်

မန်ယူအသင်း သမိုင်းတစ်လျှောက် ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်၌ ဟက်ထရစ် သွင်းယူနိုင်သည့် ပထမဆုံးကစားသမားအဖြစ် ကွင်းလယ် ကစားသမား ဘရူနိုဖာနန်ဒက် မှတ်တမ်းဝင်

မန်ယူအသင်း သမိုင်းတစ်လျှောက်  ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်၌    ဟက်ထရစ်သွင်းယူနိုင်သည့် ပထမဆုံး ကစားသမားအဖြစ် ကွင်းလယ်ကစားသမား  ဘရူနိုဖာနန်ဒက်က  မှတ်တမ်းဝင်ခဲ့ကြောင်း   သိရသည်။

မန်ယူအသင်း သမိုင်းတစ်လျှောက်   ပရီးမီးယား လိဂ်အဖွင့်ပွဲစဉ်၌     ဟက်ထရစ် သွင်းယူနိုင်သည့် ကစားသမားမရှိခဲ့ဘဲ ယခုနှစ် အဖွင့်ပွဲစဉ်တွင် ဘရူနို ဖာနန်ဒက်တစ်ဦးတည်းကသာ   မှတ်တမ်းဝင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါပွဲစဉ်၌ မန်ယူအသင်းက လိဒ်အသင်းကို အိမ်ကွင်းပရိသတ်ရှေ့တွင် ၅ ဂိုး-၁ ဂိုးဖြင့်  အနိုင်ရရှိ ခဲ့သည်။  သွင်းဂိုးများကို  ဘရူနိုဖာနန်ဒက်က သုံးဂိုး၊  ဂရင်းဝုဒ်နှင့် ဖရက်ဒ်တို့က တစ်ဂိုးစီသွင်းယူနိုင်ခဲ့ကြပြီး ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာကလည်း အကောင်း ဆုံးခြေစွမ်းပြကာ ဂိုးဖန်တီးမှု လေးကြိမ် ပြုလုပ်နိုင်ခဲ့ သည်။

အလားတူ ဘရူနိုဖာနန်ဒက်သည် အသင်းသမိုင်းတစ်လျှောက်  အဖွင့်ပွဲစဉ်၌   ဟက်ထရစ် သွင်းယူနိုင် သည့်  ပထမဆုံး ကစားသမားအဖြစ်  မှတ်တမ်းဝင်ခဲ့သည့်အပြင် ပရီးမီးယားလိဂ် ပြိုင်ပွဲသမိုင်းတစ်လျှောက်တွင်လည်း အဖွင့်ပွဲစဉ်များ၌ ၁ဝ ဦးမြောက် ဟက် ထရစ်သွင်းယူနိုင်သည့် ကစားသမားအဖြစ် စံချိန်တင် နိုင်ခဲ့သည်။

ထို့အတူ  ဘရူနိုဖာနန်ဒက် သွင်းယူသော သွင်းဂိုး သုံးဂိုးနှင့် ဖရက်ဒ်သွင်းယူသော သွင်းဂိုးတစ်ဂိုးတို့ကို  ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့သော  ပေါ့ဂ်ဘာသည်လည်း  ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ပွဲစဉ်တစ်ပွဲတည်းဂိုး ဖန်တီးမှု လေးကြိမ်ပြုလုပ်နိုင်ခဲ့သည့် ခုနစ်ဦးမြောက် ကစားသမား အဖြစ်   စံချိန်တင်နိုင်သည့်အပြင်   ဖာနန်ဒက်နှင့်ပေါ့ဂ်ဘာတို့အတွဲသည်     ပြိုင်ပွဲသမိုင်း တစ်လျှောက် တစ်ဦးက  သုံးဂိုးသွင်းယူပြီး တစ်ဦးက   ဂိုးဖန်တီးမှုသုံးကြိမ်ပြုလုပ်နိုင်ခဲ့သည့်   သုံးကြိမ်မြောက်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် တစ်ပွဲ တည်းတွင် တစ်ဦးက ဂိုးဖန်တီးမှု သုံးကြိမ်နှင့် တစ်ဦးက သုံးဂိုးသွင်းယူနိုင်သည့် အတွဲများအဖြစ်  ၁၉၉၇ ခုနှစ် အောက်တိုဘာလက မန်ယူအသင်းနှင့် ဘန်လေအသင်း တို့ကစားသည့်ပွဲစဉ်၌ မန်ယူအသင်းမှ အန်ဒီကိုးလ်က သုံးဂိုးသွင်းယူနိုင်ပြီး ဆိုးလ်ရှားက ဂိုးဖန်တီးမှုသုံးကြိမ် ပြုလုပ်နိုင်သကဲ့သို့ ၂ဝ၁၁ ခုနှစ် သြဂုတ်လက ကစားခဲ့သည့် မန်ယူအသင်းနှင့် အာဆင်နယ်အသင်းတို့ပွဲစဉ် ၌လည်း ရွန်းနီက သုံးဂိုးသွင်းယူနိုင်ခဲ့ပြီး အက်ရှ်လေ ယန်းက ဂိုးဖန်တီးမှု သုံးကြိမ်ပြုလုပ်နိုင်ခဲ့ကာ ယခုအခါ  ဘရူနိုဖာနန်ဒက်နှင့်   ပေါ့ဂ်ဘာတို့အတွဲက   သုံးဂိုး သွင်းယူနိုင်ပြီး  သုံးဂိုးနှင့်အထက်   ဂိုးဖန်တီးမှု ပြုလုပ် နိုင်သည့်  တတိယမြောက်အတွဲအဖြစ်  မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။