မလေးရှားနိုင်ငံတွင် ရောက်ရှိနေပြီး ငွေကြေးလိမ်လည်ခြင်း ခံရခြင်းကြောင့် နေရပ်သို့ ပြန်နိုင်ရန် အခက်အခဲ ဖြစ်ပေါ်လျက်ရှိသည့် မြန်မာနိုင်ငံသား ၁၇ ဦးအား နိုင်ငံတော် အစိုးရက ကူညီခေါ်ဆောင်

မလေးရှားနိုင်ငံတွင် ရောက်ရှိနေပြီး ငွေကြေးလိမ်လည်ခြင်း ခံရခြင်းကြောင့် နေရပ်သို့ ပြန်နိုင်ရန် အခက်အခဲ ဖြစ်ပေါ်လျက်ရှိသည့် မြန်မာနိုင်ငံသား ၁၇ ဦးအား နိုင်ငံတော် အစိုးရက ကူညီခေါ်ဆောင်

နေပြည်တော်၊ စက်တင်ဘာ - ၂၁

  မလေးရှားနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၁၇ ဦးသည် မိမိနိုင်ငံသို့ ပြန်လည်ထွက်ခွာရန်အတွက် ဆောင်ရွက်ခဲ့စဉ် ငွေကြေးလိမ်လည်ခြင်း ခံရပြီး နေရပ်သို့ ပြန်နိုင်ရန် အခက်အခဲ ဖြစ်ပေါ်လျက်ရှိရာ အဆိုပါ နိုင်ငံသားများအား နိုင်ငံတော်မှ ကုန်ကျစရိတ်ကျခံ၍ အမြန်ဆုံး ပြန်လည်ခေါ်ယူနိုင်ရေးအတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဉက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က စက်တင်ဘာလ ၆ ရက်တွင် ပြုလုပ်သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ(၁၁)ကြိမ်မြောက ်ညှိနှိုင်းအစည်းအဝေး၌ လမ်းညွှန်မှာကြားခဲ့သည်။

  မြန်မာနိုင်ငံသို့ ပြန်လာရန် အခက်အခဲဖြစ်ပေါ်ခဲ့သော အဆိုပါ မြန်မာနိုင်ငံသား ၁၇ ဦး အမြန်ဆုံး နေရပ်ပြန်နိုင်ရေးအတွက် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံနှင့် မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)ရုံးတို့မှ တာဝန်ရှိသူများက မလေးရှားနိုင်ငံမှ ဌာနဆိုင်ရာများနှင့် လိုအပ်သည့် ညှိနှိုင်းစစ်ဆေးမှုများ ပြုလုပ်၍ မြန်မာနိုင်ငံသို့ပြန် လည်ပို့ဆောင်နိုင်ရေး စီမံဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ၎င်းတို့အား လိုအပ်သည့် ဆေးစစ်မှုများ ဆောင်ရွက်ခဲ့ရာတွင် ၎င်းတို့ ၁၇ ဦးအနက် ၁၄ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုခံထားရကြောင်း တွေ့ရှိရပြီး ပိုးကူးစက်မှု မတွေ့ ရှိရသည့် ၃ ဦးအား စက်တင်ဘာ ၆ ရက် မွန်းလွဲပိုင်းတွင် မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ မြန်မာ လေကြောင်းလိုင်း၏ ကယ်ဆယ်ရေးလေယာဉ် (Relief Flight) ဖြင့် ပြန်လည်ခေါ် ဆောင်ခဲ့ရာ ညနေ ၄ နာရီခွဲခန့်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့သည်။

  ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သည့် ၁၄ ဦးအား ၎င်းတို့နေထိုင်ရာများ၌ သီးခြား စောင့်ကြပ်ကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့ပြီး စက်တင်ဘာ ၁၈ ရက်တွင် လိုအပ်သည့် ရောဂါစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရောဂါပြန်လည် ပျောက်ကင်းခဲ့သဖြင့် စက်တင် ဘာ ၂၀ ရက်တွင် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI)၏ ကယ်ဆယ် ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ရာ ညနေ ၄ နာရီခွဲခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့သည်။

  ပြည်ပနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရန် အခက်အခဲရှိသူများကို နိုင်ငံတော် အစိုးရအနေဖြင့် လိုအပ်သည့် ကူညီကယ်ဆယ်မှုများ ဆောင်ရွက်ပေးလျက် ရှိကြောင်းနှင့် မိမိတို့၏ နေရပ်များသို့ ပြန်လည် ဝင်ရောက်လိုပါက သက်ဆိုင်ရာသံရုံး၊ စစ်သံရုံး၊ ကောင်စစ်ဝန်ရုံးများသို့ ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း သိရှိရသည်။