မလေးရှားအစိုးရက တစ်နိုင်ငံလုံးကို ရက်အကန့်အသတ်မရှိ လော့ဒေါင်းချ

မလေးရှားအစိုးရသည် ဇွန် ၂၈ ရက်တွင် သက်တမ်းကုန်ဆုံးမည့် တစ်နိုင်ငံလုံး လော့ဒေါင်းချထားမှုကို ရက်အကန့်အသတ် မရှိ တိုးမြှင့်လိုက်ကြောင်း သိရသည်။

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု လျော့ကျလာခြင်း မရှိသည့်အတွက် ယခုကဲ့သို့ ကန့်သတ်ချက် တိုးမြှင့်လိုက်ရခြင်းဖြစ်ကြောင်း၊ ရောဂါကူးစက်မှု လျော့ကျမှသာ လော့ဒေါင်းချမှတ်မှုကို ဖြေလျှော့ပေးမည်ဖြစ် ကြောင်း အစိုးရကပြောသည်။

လက်ရှိအခြေအနေများက အစိုးရ၏လော့ဒေါင်းချမှတ်မှုများကို ဖြေလျှော့စေမည် မဟုတ်ကြောင်း ကာကွယ်ရေးဝန်ကြီး အစ္စ မေးဆဘရီယာကော့က ပြောထားသည်။

ပြီးခဲ့သည့်သီတင်းပတ်တွင် နိုင်ငံအတွင်း တစ်ရက်လျှင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ပျမ်းမျှအယောက် ၅ဝဝဝ ကျော်ရှိပြီး သေဆုံးသူ အရေအတွက်မှာ ပျမ်းမျှအယောက် ၂ဝ ကျော်ရှိကြောင်း တာဝန်ရှိသူများကပြောသည်။

ဆေးရုံများရှိ  အထူးကြပ်မတ် ကုသဆောင်များတွင် လူနာခုတင်များ အားလုံး ပြည့်လုနီးပါးဖြစ်နေပြီး ကာကွယ်ဆေးထိုး နိုင်မှုအခြေအနေမှာ ဇွန် ၂၈ ရက်အထိ ကာ ကွယ်ဆေးအပြည့်ထိုးပြီးသူ အရေအတွက်က နိုင်ငံ့လူဦးရေ၏ ၆ ဒသမ ၄ ရာခိုင်နှုန်း သာရှိသည်။

တစ်နိုင်ငံလုံးကို လော့ဒေါင်းချထားသော်လည်း အခြေခံလိုအပ်သည့် ကုန်ထုတ်လုပ် မှုနှင့်  ဝန်ဆောင်မှု လုပ်ငန်းများကို  ပုံမှန်အတိုင်း လည်ပတ်ခွင့်ပြုကာ ကုန်တိုက်များ၊ စာသင်ကျောင်းများနှင့် ပန်းခြံများကိုမူ ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

Ref: Bangkok Post