မလေးရှား၌ မုတ်သုံမိုးရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုဖြစ်ပွား လူ ၄ ၀၀၀ ကျော် ဘေးကင်းရာ သို့ရွှေ့ပြောင်း

 

ကွာလာလမ်ပူ၊ သဘာဝဘေး

မလေးရှားနိုင်ငံ၌  မုတ်သုံမိုး ဆက်လက်ရွာသွန်းနေသည့်အတွက် ရေလွှမ်းမိုးမှုဖြစ်ပွားသောကြောင့်  ဇန်နဝါရီ ၈ ရက်တွင် ပြည်နယ်ခြောက်ခုမှ လူ ၄၈၀၀၀ ကျော်မှာ ကယ်ဆယ်ရေးစခန်း ၄၀၀ သို့ရွှေ့ပြောင်းရကြောင်း ဒေသတွင်းသတင်းဌာနကထုတ်ပြန်သည်။

ဘေးကင်းရာသို့ ရွှေ့ပြောင်းရသူများတွင်   နိုင်ငံအရှေ့ပိုင်းကမ်းရိုးတန်း ပြည်နယ်များဖြစ်သော ကီလန် တန်၊ တီရန်ဂါနူနှင့် ပါဟန်းတို့မှ ဒေသခံများအပြင် ပီရတ်နှင့် ဆာဘားပြည်နယ်တို့ရှိ ကျေးလက်ဒေသ ဒေသခံများစွာလည်းပါဝင်ကြောင်း Bernama သတင်းဌာနကထုတ်ပြန်သည်။

အဆိုပါနှစ်စဉ်မုတ်သုံမိုးရွာသွန်းမှုကြောင့် အနည်းဆုံးလူငါးဦးသေဆုံးပြီး ၎င်းင်းတို့အနက် အသက် ၂၀ ရှိ အမျိုးသား တစ်ဦးမှာ ဒေသခံများကိုကယ်ဆယ်ရေးဌာနသို့ရွှေ့ပြောင်းရေးကူညီနေစဉ် ဇန်နဝါရီ ၇ ရက်တွင်လှေပေါ်မှ ပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ်သည်။

ပါဟန်းပြည်နယ်သည် လက်ရှိမိုးရွာသီအတွင်း ရေလွှမ်းမိုးမှုကို အဆိုးဝါးဆုံးခံစားရပြီး ပြည်နယ်၏ မြစ်အများ အပြားမှာ မိုးရေများကြောင့် မြစ်ရေကျော်မှုဖြစ်ပွားနေသည်။

ထိုပြည်နယ်၏ခရိုင်ကိုးခုရှိ ယာယီကယ်ဆယ်ရေးစခန်း ၂၇၅ ခုတွင် ရေဘေးသင့်ပြည်သူ ၂၇၀၇၃ ဦးရှိကြောင်း သိရသည်။

ဇန်နဝါရီ ၈ ရက်နံနက်ပိုင်းတွင် တီရန်ဂါနူပြည်နယ်ရှိ ကယ်ဆယ်ရေးစခန်း ၅၀ တွင်မူ ရေဘေးသင့်ပြည်သူ ၁၂၈၉၉ ဦးရှိပြီး ဇန်နဝါရီ ၇ ရက်နေ့လယ်ပိုင်းတွင်ရှိသည့် လူ ၈၁၃၈ ဦးထက်မြင့်တက်လာခြင်းဖြစ်သည်။

ထို့ပြင် အရှေ့မြောက် ကီလန်တန်ပြည်နယ်ရှိ ကယ်ဆယ်ရေးစခန်း ၇၄ ခု၌ ရေဘေးသင့်ပြည်သူ ၆၃၁၉ ဦးရှိကြောင်း သိရသည်။

Ref: TST