မအူပင်မြို့နှင့် အမ်းမြို့တို့၌ အောက်ဆီဂျင်စက် တပ်ဆင်လည်ပတ်နေမှု အခြေအနေ များအား ကြည့်ရှု

မအူပင်မြို့နှင့် အမ်းမြို့တို့၌ အောက်ဆီဂျင်စက် တပ်ဆင်လည်ပတ်နေမှု အခြေအနေ များအား ကြည့်ရှု

နေပြည်တော်၊ စက်တင်ဘာ - ၁၀

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် ကျန်းမာ ရေးဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိသည်။

ထိုသို့ တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့၊ ခရိုင်ပြည်သူ့ဆေးရုံကြီး၌ နိုင်ငံတော်အစိုးရမှလှူဒါန်းသော အောက်ဆီဂျင် ထုတ်လုပ်သည့်စက်ရောက်ရှိ တပ်ဆင်နေမှုနှင့် ဝါးခယ်မမြို့၌ စေတနာရှင် အလှူရှင် များကလှူဒါန်းသော အောက်ဆီဂျင်စက် လည်ပတ်နေမှုအခြေအနေများအားလည်းကောင်း၊ ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ တပ်မတော်ဆေးရုံဝန်းအတွင်း၌ တည်ဆောက်ထားသော အောက်ဆီဂျင်စက်ရုံအားလည်းကောင်း သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်မှ တိုင်းမှူးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြကြောင်း သတင်းရရှိသည်။