မာရဝိဇယဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း၌ ကဆုန်လပြည့်ကုသိုလ်တော်အဖြစ် မုစလိန္ဒ နဂါးရုံဘုရားကျောင်းဆောင်တော်သို့ ဗုဒ္ဓရုပ်ပွားတော် ပင့်ဆောင်ပူဇော်ခြင်း နှင့် မဟာဗောဓိပင်တော် စိုက်ပျိုးပူဇော်ခြင်း မင်္ဂလာအခမ်းအနားကျင်းပ

မာရဝိဇယဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း၌ ကဆုန်လပြည့်ကုသိုလ်တော်အဖြစ် မုစလိန္ဒ နဂါးရုံဘုရားကျောင်းဆောင်တော်သို့ ဗုဒ္ဓရုပ်ပွားတော် ပင့်ဆောင်ပူဇော်ခြင်း နှင့် မဟာဗောဓိပင်တော် စိုက်ပျိုးပူဇော်ခြင်း မင်္ဂလာအခမ်းအနားကျင်းပ

နေပြည်တော်၊ မေ - ၃

မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးတည်ဆောက်လျက်ရှိသည့် ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ကဆုန်လပြည့်ဗုဒ္ဓနေ့ကုသိုလ်တော်အဖြစ် မုစလိန္ဒ နဂါးရုံဘုရားကျောင်းဆောင်တော် သို့ ဗုဒ္ဓရုပ်ပွားတော်ပင့်ဆောင်ပူဇော်ခြင်းနှင့် မဟာဗောဓိပင်တော် စိုက်ပျိုးပူဇော်ခြင်း မင်္ဂလာအခမ်းအနားတို့ကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ဦးဆောင်ဘုရား ဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ပူဇော်သည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးကိုကိုနှင့် ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ညှိနှိုင်းကွပ်ကဲရေး မှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်တာဝန်ရှိသူများ၊ ဝတ်အသင်းအဖွဲ့များ တက်ရောက်ပူဇော်ကြသည်။

ဦးစွာ မုစလိန္ဒ နဂါးရုံဘုရားကျောင်းဆောင်တော်သို့ ဗုဒ္ဓရုပ်ပွားတော်ပင့်ဆောင် ပူဇော်ခြင်း အခမ်းအနားအခမ်းအနားကို “နမော တဿ” သုံးကြိမ်ရွတ်ဆို ဘုရားရှိခိုး၍ ဖွင့်လှစ်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမှူးပြုသည့် ဧည့်ပရိသတ်များက ရတနတ္တယပူဇာ ဂါထာတော်နှင့် သဗ္ဗသင်္ဂါဟက မေတ္တာပို့ လင်္ကာနှစ်ပိုဒ်ကို သံပြိုင်ညီညာသုံးကြိမ် ရွတ်ဆိုပူဇော်ကြသည်။

ထို့နောက် အခမ်းအနားမှူးက မင်္ဂလာအခါတော်စာတမ်းကို ဖတ်ကြားပြီး မင်္ဂလာအချိန်တွင် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဗုဒ္ဓရုပ်ပွားတော်မြတ်အား မုစလိန္ဒနဂါးရုံဘုရားကျောင်း ဆောင်သို့ မင်္ဂလာစက်ခလုတ်နှိပ်၍ ပင့်ဆောင်သည်။ (ခရုသင်းအသံ Audio ထည့်ပါ မည်။)

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အခမ်းအနားတက်ရောက်လာကြသူများက မုစလိန္ဒ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပရိတ် နံ့သာရည်များဖြင့် ပက်ဖျန်းပူဇော်ကြသည်။ ထို့နောက် “ဇယန္တော ဗောဓိယာ မူလေ” အစချီ အောင်ဂါထာတော်များကို ရွတ်ဆိုပူဇော်၍ အခမ်းအနားမှူးက အောင်ဆု မင်္ဂလာအမျှဝေစာတမ်းလွှာကို ဖတ်ကြားကာ မေတ္တာပြု အမျှပေးဝေကြသည်။ (အောင်ဂါထာတော်ရွတ်ဆိုသည့် အသံ Audio ထည့်ပါမည်)

        ၎င်းနောက် “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်း အနားကိုရုပ်သိမ်းလိုက်သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် မုစလိန္ဒ ကန်တော်အတွင်းရှိ ငါးများကိုအစာများကျွေး၍ အာဟာရဒါနပြုကြသည်။

        အဆိုပါမုစလိန္ဒနဂါးရုံဘုရားတည်ထားကိုးကွယ်မှုနှင့်ပတ်သက်၍ မြတ်စွာ ဘုရား သည် ခြောက်ခုမြောက်သတ္တာဟအဖြစ် မုစလိန္ဒခေါ် ကျည်းပင်သို့ ကြွရောက်သီတင်း သုံးခဲ့ကြောင်း၊ အဆိုပါသီတင်းပတ်တွင် ခုနှစ်ရက် ခုနှစ်လီအခါမဲ့ မိုးကြီး ပြင်းထန်စွာ ရွာသွန်းလာခဲ့ကြောင်း၊ မုစလိန္ဒ နဂါးမင်းသည် မြတ်စွာဘုရားအား မိုးရေမိုးပေါက်များ မထိမှန်စေရန် ကိုယ်တိုင်ကိုယ်ကျ ကောင်းမှုပြုလုပ်လိုသဖြင့် ခန္ဓာကိုယ်ကို ကြီးစွာ ဖန်ဆင်းလျက် မြတ်စွာဘုရား၏ ခန္ဓာကိုယ်တော်အား ခုနှစ်ပတ်ပတ်ခွေပြီး အထက်မှ ပါးပျဉ်းဖြင့် ထိထိစပ်စပ်မိုးကာ ကာကွယ်ပေးခြင်းပြုလုပ်ခဲ့ကြောင်း၊ ယခုမာရဝိဇယ ဗုဒ္ဓဥယျာဉ်ဝတ္တုကံတော်အတွင်း၌ မုစလိန္ဒနဂါးရုံဘုရားတည်ထားရာတွင် ဆရာတော်၊ သံဃာတော်ကြီးများ၏ ဩဝါဒခံယူလျက် ဝိနည်းမဟာဝါ ပါဠိတော်၊ ဝိနည်းမဟာဝါ အဋ္ဌကထာ၊ သာရတ္ထဋီကာ၊ မူလပဏ္ဏာသအဋ္ဌကထာ၊ ဥဒါန်းပါဠိတော်၊  ဇာတကအဋ္ဌ ကထာစသည့် ပိဋကတ်တော်လာအဆိုများနှင့် မဟာဗုဒ္ဓဝင်ကျမ်းဂန်တော်နှင့်အညီ ပြည့်စုံစွာတည်ထား ကိုးကွယ်ထားခြင်းဖြစ်ကြောင်းသိရှိရသည်။ (ပိဋကတ်တော်လာ ဝိနည်းမဟာဝါပါဠိတော် (ပါဠိ၊ မြန်မာ)၊ မူလပဏ္ဏသအဋ္ဌကထာ (ပါဠိ) ဥဒါန်း ပါဠိတော်(ပါဠိ၊ မြန်မာစာသား များပြသပါမည်။)(နဂါးရုံဘုရား၌ အခွေခုနှစ်ခွေရှိ ကြောင်းပြီးစီးမည့်ပုံကိုပြသပါမည်)

        ဆက်လက်ပြီး ကဆုန်လပြည့်ဗုဒ္ဓနေ့ကုသိုလ်တော်အဖြစ် မာရဝိဇယဗုဒ္ဓဥယာဉ် တော်အတွင်း မဟာဗောဓိပင်တော် စိုက်ပျိုးပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ကျင်းပပြုလုပ်ရာ ဦးစွာ “နမော တဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်း အနားကို ဖွင့်လှစ်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးအမှူးပြုသည့် ဧည့်ပရိသတ်များက ရတနတ္တယပူဇာ ဂါထာတော်နှင့် သဗ္ဗသင်္ဂါဟက မေတ္တာပို့ လင်္ကာနှစ်ပိုဒ်ကို သံပြိုင်ညီညာသုံးကြိမ် ရွတ်ဆိုပူဇော်ကြသည်။

ထို့နောက် အခမ်းအနားမှူးက မဟာဗောဓိရုက္ခရောပနပူဇာဂါထာကို ဖတ်ကြား ပြီး ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က မဟာဗောဓိပင်တော် စိုက်ပျိုးပူဇော်မည့်နေရာတွင် ကျောက်မျက် ရတနာများကို ထည့်သွင်းပူဇော်သည်။

ယင်းနောက်မင်္ဂလာအချိန်တွင် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မဟာဗောဓိပင်တော်ကို စိုက်ပျိုး၍ မြေဆီ မြေလွှာမြေဩဇာများ ကျွေးမွေး၍ ရေစင်ရေသန့်များ သွန်းလောင်းပြီး အမွှေး နံ့သာ ရည်များ ပက်ဖျန်းပူဇော်ကာ ဇယမင်္ဂလာများဆောင်ရွက်ကြသည်။

ယင်းနောက် အောင်ဆုမင်္ဂလာအမျှဝေစာတမ်းလွှာကို ဖတ်ကြား၍ မေတ္တာပြု အမျှပေးဝေးပြီး “ဗုဒ္ဓသာသနံ စိရတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။(အမျှပေးဝေသည့် အသံ Audio ထည့်ပါမည်။)

ထို့နောက် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည်  မဟာဗောဓိ ပင်တော်အား လက်ယာရစ်လှည့်လည်ပူဇော်၍ မဟာဗောဓိပင်တော် စိုက်ပျိုးအောင် မြင်ခြင်းအထိမ်းအမှတ် ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြောင်း သတင်းရရှိ သည်။

 အဆိုပါ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးကို မြန်မာနိုင်ငံတွင်ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်းတောက်ပ လျက်ရှိမှုအားကမ္ဘာကိုပြသရန်၊ မြန်မာနိုင်ငံသည်ထေရဝါဒ ဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊  တိုင်းပြည် အေးချမ်းသာယာမှုရှိစေရန်၊ ကမ္ဘာကြီးငြိမ်းချမ်း သာယာမှုဖြစ်စေရန် စသည့် ရည်ရွယ်ချက် ၄ ရပ်ဖြင့် တည်ထားကိုးကွယ်ရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊  ယခုအခါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ထုဆစ်မှု မှာ ၉၅ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်းနှင့် မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော် အတွင်း သာသနိက အဆောက်အဦများစွာကိုလည်း ထည့်သွင်း တည်ဆောက်လျက်ရှိပြီး ယခုအခါ သာသနိက အဆောက်အအုံများနှင့် ဗုဒ္ဓဥယျာဉ်တည်ဆောက်မှုမှာ ၈၃ ဒသမ ၃ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း သတင်းရရှိသည်။