မာရဝိဇယ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော် အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်မင်္ဂလာ မော်ကွန်းကမ္ဗည်းဖွင့်လှစ်ခြင်း၊ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဥဏ္ဏလုံမွေးရှင်တော် စီသွင်းပူဇော်ခြင်းနှင့် ကျောက်စာရုံစေတီတော်တွင် မော်ကွန်းကျောက်စာတော် တည်ထားပူဇော်ခြင်း မင်္ဂလာအခမ်းအနားကျင်း

မာရဝိဇယ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော် အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်မင်္ဂလာ မော်ကွန်းကမ္ဗည်းဖွင့်လှစ်ခြင်း၊ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဥဏ္ဏလုံမွေးရှင်တော် စီသွင်းပူဇော်ခြင်းနှင့် ကျောက်စာရုံစေတီတော်တွင် မော်ကွန်းကျောက်စာတော် တည်ထားပူဇော်ခြင်း မင်္ဂလာအခမ်းအနားကျင်းပ

 
နေပြည်တော်၊ ဇူလိုင် - ၂၈

 
ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးတည်ဆောက်လျက်ရှိသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော် အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော် မင်္ဂလာမော်ကွန်းကမ္ဗည်းဖွင့်လှစ်ခြင်း၊ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဥဏ္ဏလုံမွေးရှင်တော် စီသွင်းပူဇော်ခြင်းနှင့် ကျောက်စာရုံ စေတီတော်တွင် မော်ကွန်းကျောက်စာတော် တည်ထားပူဇော်ခြင်း မင်္ဂလာအခမ်းအနား များကို ယနေ့နံနက်ပိုင်းတွင် သီးခြားစီကျင်းပပြုလုပ်ရာ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ပူဇော်သည်။
အခမ်းအနားသို့ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်နှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည် တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 
ဦးစွာ အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော် မင်္ဂလာမော်ကွန်းကမ္ဗည်းဖွင့်လှစ်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ရာ အခမ်းအနားမှူးက မင်္ဂလာမော်ကွန်း ကမ္ပည်း စာတမ်းကို ဖတ်ကြားပြီး မင်္ဂလာအချိန်တွင် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သာသနာ့ဗိမာန်တော် မော်ကွန်း ကမ္ပည်းကြေးပြားတော်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပြီး ပရိတ်နံ့သာရည်များ ပက် ဖျန်းပေးသည်။

 
ထို့နောက် အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်အတွင်းရှိ နောင်တော်ကြီး ဗုဒ္ဓရုပ်ပွား တော်မြတ်အား ဥဏ္ဏလုံမွေးရှင်တော်မြတ် စီသွင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရား ရှိခိုး၍ ဖွင့်လှစ်ပြီး ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး အမှူးပြုသည့် ဧည့်ပရိသတ်များက ရတနတ္တယ ပူဇာ ဂါထာတော်နှင့် သဗ္ဗသင်္ဂါဟက မေတ္တာပို့လင်္ကာနှစ်ပိုဒ်ကို သံပြိုင်ညီညာသုံးကြိမ် ရွတ်ဆိုပူဇော်ကြသည်။

 
ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် ဥဏ္ဏလုံမွေးရှင်တော် စီသွင်းပူဇော်မည့် မင်္ဂလာနေရာသို့တက်ရောက် နေရာယူ သည်။ ထိုသို့မင်္ဂလာနေရာသို့ တက်ရောက်နေရာယူစဉ် အခမ်းအနားမှူးက ဥဏ္ဏလုံ မွေးရှင်တော်စီသွင်းပူဇော်ခြင်း မဟာမင်္ဂလာအခါတော် စာတမ်းကိုဖတ်ကြားပူဇော်ပြီး မင်္ဂလာအချိန်တွင် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နောင်တော်ကြီးဗုဒ္ဓရုပ်ပွားတော်မြတ်အား ဥဏ္ဏလုံမွေးရှင်တော် မြတ် စီသွင်းပူဇော်ကာ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပရိတ်နံ့သာရည်များပက်ဖျန်းပူဇော် သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် နှင့် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) တို့က ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပရိတ်နံ့သာရည်များပက်ဖျန်းပူဖော်သည်။

 
ဆက်လက်၍ မုစလိန္ဒ နဂါးရုံဘုရားကျောင်းဆောင်တော်အတွင်းရှိ ဗုဒ္ဓရုပ်ပွား တော်မြတ်အား ဥဏ္ဏလုံမွေးရှင်တော်မြတ် စီသွင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ရာ အခမ်းအနားကို “နမော တဿ” သုံးကြိမ်ရွတ်ဆို ဘုရား ရှိခိုး၍ ဖွင့်လှစ်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် ဥဏ္ဏလုံမွေးရှင်တော် စီသွင်းပူဇော်မည့် မင်္ဂလာနေရာသို့တက်ရောက်နေရာယူပြီး မင်္ဂလာအချိန်တွင် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဥဏ္ဏလုံမွေးရှင်တော်မြတ် စီသွင်း ပူဇော်ကာ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပရိတ်နံ့သာရည်များ ပက်ဖျန်းပူဇော်သည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် နှင့် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) တို့က ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပရိတ် နံ့သာရည်များဖြင့် ပက်ဖျန်းပူဖော်သည်။
ထို့နောက် မာရဝိဇယကျောင်းဆောင်တော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဥဏ္ဏလုံမွေးရှင်တော်မြတ် စီသွင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ကျင်းပပြုလုပ်ရာ အခမ်းအနားကို “နမော တဿ” သုံးကြိမ်ရွတ်ဆို ဘုရားရှိခိုး၍ ဖွင့်လှစ်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် ဥဏ္ဏလုံမွေးရှင်တော်စီသွင်းပူဇော်မည့် မင်္ဂလာနေရာသို့တက်ရောက် နေရာယူပြီး မင်္ဂလာအချိန်တွင် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဥဏ္ဏလုံမွေးရှင်တော်မြတ် စီသွင်း ပူဇော်ကာ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပရိတ်နံ့သာရည်များပက်ဖျန်းပူဇော်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) တို့က ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပရိတ်နံ့သာ ရည်များ ပက်ဖျန်းပူဖော်သည်။
ဆက်လက်၍ ကျောက်စာရုံစေတီတော်တွင် မော်ကွန်းကျောက်စာတော် တည်ထားပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ကျင်းပပြုလုပ်ရာ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားရှိခိုး၍ အခမ်းအနားကို ဖွင့်လှစ်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် မော်ကွန်းကျောက်စာတော် တည်ထားပူဇော်မည့် မင်္ဂလာနေရာတွင် နေရာယူပြီး မင်္ဂလာအချိန်တွင် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပါဠိအက္ခရာနှင့် Romanize Language တို့ဖြင့်ရိုက်နှိပ် ပူဇော် ထားသည့် ကျောက်စာချပ်များကို တည်ထားပူဇော်ပြီး ပရိတ်နံ့သာရည်များ ပက်ဖျန်း ပူဇော်သည်။

ထို့နောက် ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) တို့ကကျောက်စာချပ်များ အား ပရိတ် နံ့သာရည်များဖြင့် ပက်ဖျန်းပူဖော်သည်။

ယင်းနောက် ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနား ကိုရုပ်သိမ်းခဲ့ပြီး မာရဝိဇယ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော် အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော် မင်္ဂလာမော်ကွန်းကမ္ဗည်းဖွင့်လှစ်ခြင်း၊ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဥဏ္ဏလုံမွေးရှင် တော် စီသွင်းပူဇော်ခြင်းနှင့် ကျောက်စာရုံစေတီတော်တွင် မော်ကွန်းကျောက်စာတော် တည်ထားပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားများ အောင်မြင်ခြင်းအထိမ်းအမှတ် အဖြစ် ရတနာ ရွှေမိုးငွေမိုးများရွာသွန်းဖြိုးခဲ့ကြသည်။

အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာ တင် လှူခြင်း၊ ကျောက်စာရုံစေတီတော်များ ထီးတော်တင်လှူခြင်းနှင့် ရေစက်ချ မဟာ မင်္ဂလာ အခမ်းအနားများကို မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆို လပြည့်နေ့ (ဓမ္မစကြာနေ့)၊ ခရစ်နှစ် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်တွင် နိုင်ငံတော်အဆင့် ခမ်းနား သိုက်မြိုက်စွာ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။