မိတ္ထီလာမြို့၊ တပ်မတော်ဆေးရုံ၌ Liquid Oxygen Plant ဖွင့်ပွဲ ပြုလုပ်

မိတ္ထီလာမြို့၊ တပ်မတော်ဆေးရုံ၌ Liquid Oxygen Plant ဖွင့်ပွဲ ပြုလုပ်

နေပြည်တော်၊ ဩဂုတ်-၂၉

    မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ရှိ တပ်မတော်ဆေးရုံ၌ တည်ဆောက်ပြီးစီး သွားသည့် တန် ၂၀ ကျ Liquid Oxygen Plant ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဆေးရုံ၌ ပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ကြသည်။
    ဦးစွာ တိုင်းမှူးနှင့် အလှူရှင် Royal Hic Company မှ မန်နေးဂျင်းဒါရိုက်တာ ဒေါက်တာ ထွန်းထွန်းအောင် နှင့် တာဝန်ရှိသူများက Liquid Oxygen Plant အား ဖဲကြိုး ဖြတ် ဖွင့်လှစ်ပေးသည်။    ထို့နောက် ဒေါက်တာ ထွန်းထွန်းအောင်က စက်ရုံနှင့် ပတ်သက်သည့် စာရွက်စာတမ်းများအား ဆေးရုံတပ်မှူးထံသို့ လွှဲပြောင်းပေးအပ်ပြီး တိုင်းမှူးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။ 
    ဆက်လက်၍ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် စက်ရုံအတွင်း လိုက်လံကြည့်ရှုရာ တာဝန်ရှိသူများက အောက်ဆီဂျင်ထုတ်လုပ်နေမှုများအား လိုက်လံရှင်းလင်းပြသသည်။ ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် မိတ္ထီလာမြို့၊ အောင်ဇေယျာအမှတ်(၂)ရပ်ကွက်၌ Oxygen Plant တည်ဆောက်နေမှုတို့ကို လိုက်လံကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။