မိဘပြည်သူများအနေဖြင့် စိတ်အေးချမ်းသာယာစွာ နေထိုင်နိုင်စေရေးနှင့် ရပ်ရွာအေးချမ်း သာယာမှုရှိစေရေးတို့ အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက နေ့ညမပြတ် လုံခြုံရေး ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော်၊ ဇွန် - ၂၈

    အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာထားသော NUG အမည်ခံ ပြည်ပြေးအစိုးရနှင့် CRPH အမည်ခံ ပြည်ပြေးလွှတ်တော် ကော်မတီတို့၏ ထောက်ပံ့မှု နှင့် ဆူပူအကြမ်းဖက်သူများက မြို့နယ်အချို့၌ အကြမ်းဖက် လုပ်ရပ်များကို ဆောင်ရွက်လျက်ရှိခြင်းကြောင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူ တို့၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးတို့ ပြည့်ဝစွာရရှိ စေရေးအတွက် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ ဖေဖော်ဝါရီ ၁၄ ရက် ညပိုင်းမှစတင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များ၌ လှည့်ကင်း၊ ပတ်ကင်းများဖြင့် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင်လည်း ရပ်ရွာတည် ငြိမ်အေးချမ်းရေး အတွက် လိုအပ်သည့် လုံခြုံရေးတို့ကို ဆောင်ရွက်ပေးသည်။

ဆက်လက်၍လည်း လုံခြုံရေး တပ်ဖွဲ့ဝင်များက နေ့ညမပြတ် လုံခြုံရေးတာဝန် များကို ထမ်းဆောင်ပေးသွားမည်ဖြစ်ကြောင်း  သတင်းရရှိသည်။