မိုင်းဆတ်ခရိုင်အတွင်းရှိ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား စားသောက်ဖွယ်ရာ များ ပေးအပ်

နေပြည်တော်၊ မေ - ၂၀
    
နိုင်ငံတော်နှင့် တပ်မတော်အတွက် အသက်ပေးလှူခဲ့ရသည့် အရာရှိ၊ စစ်သည် များ၏ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ရဲမှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များအတွက် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း သွားလာမှုကန့်သတ်ချက်များကြောင့် စာရေးအခက်အခဲမရှိစေရန် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် COVID-19 ရောဂါကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များ၊ စစ်မှုထမ်းဟောင်းရုံး၊ အိမ်ရာများ၊ တပ်နယ်ခန်းမများနှင့် ရဲတပ်ဖွဲ့မှူးရုံးတို့၌ ပေးအပ်လျက်ရှိသည်။
    
ထိုသို့ပေးအပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့ရှိ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက် တြိဂံ ဒေသတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများက မိုင်းဆတ်မြို့ရှိ မြို့နယ်မီးသတ်တပ်ဖွဲ့မှူးရုံး၌ ခေါက်ဆွဲခြောက် ၄ ဖာ၊ ကြက်သား ၁၀ ပိဿာ၊ ငါး ၈ ပိဿာ၊ ကြက်ဉ ၅၀၀ လုံးနှင့် ဟင်းသီးဟင်းရွက်များကို ပေးအပ်ခဲ့ကြောင်း သတင်းရရှိ သည်။