မိုင်းဆတ်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများ အား သွားရောက်ကြည့်ရှုအားပေး

မိုင်းဆတ်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများ အား သွားရောက်ကြည့်ရှုအားပေး

နေပြည်တော်၊ စက်တင်ဘာ - ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံ တိုင်းရင်းသားပြည်သူများအား ယနေ့တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှု အခြေအနေများကို မေးမြန်းအားပေးစကား ပြောကြားပြီး ဆေးရုံတက်လူနာများနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ် သည်။

ထို့နောက် တိုင်းမှူးက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ် ငန်းများတွင် အသုံးပြုရန်အတွက် ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ဖြစ်သည့်  Test Kit ၃၅၀ ခု၊ PPE ဝတ်စုံ ၂၀၀ စုံနှင့် Oxygen Concentrator ၄ လုံး တို့ကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။