မိုးနဲမြို့နယ်အတွင်း တရားမဝင်သစ်များ သိမ်းဆည်းရမိ

နေပြည်တော်၊ မတ် - ၃၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက် လျက်ရှိသော တပ်ဖွဲ့ဝင်များသည် မတ် ၃၀ ရက် ည ၉ နာရီခန့်တွင် နားခံကျေးရွာ၏ အရှေ့ဘက် မီတာ ၁၀၀၀ ခန့်အကွာ၌ ရပ်တန့်ထားသည့် နီဆန်းအမျိုးအစား မော်တော်ယာဉ် ၃ စီး ပေါ်မှ တရားမဝင်သစ်ဆိုဒ်စုံ ၂၃ တန်ကျော်ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိသစ်များနှင့် မော်တော်ယာဉ်များအား သက်ဆိုင်ရာသို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။