မိုးသည်းထန်စွာရွာသွန်းခဲ့သည့် ပြင်ဦးလွင်မြို့နယ်အတွင်း တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

မိုးသည်းထန်စွာရွာသွန်းခဲ့သည့် ပြင်ဦးလွင်မြို့နယ်အတွင်း တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ဩဂုတ် - ၁

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်း၌ ဇူလိုင် ၃၁ ရက် နံနက် ၂ နာရီခန့်မှ နံနက် ၁၁ နာရီခွဲခန့်အထိ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး လူနေရပ်ကွက် များအတွင်း ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည်။
အဆိုပါ ရေဝင်ရောက်ခဲ့သည့်နေရာများသို့ ဇူလိုင် ၃၁ ရက်နှင့် ယနေ့တို့တွင် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများက သွားရောက်၍ ရေဘေးသင့် ပြည်သူများအား ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းကူညီကယ်ဆယ်ခြင်း၊ ပြိုကျပျက် စီးပိတ်ဆို့ခဲ့သည့် အဆောက်အဦများ၊ လမ်း/တံတားများအား ဖယ်ရှားရှင်းလင်း ပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။
ထို့ပြင် ရပ်ကွက်ကြီး(၁)နှင့် ရပ်ကွက်ကြီး(၄)အတွင်းရှိ ဓမ္မာရုံများ၌ ခေတ္တ ပြောင်းရွှေ့နေထိုင်လျက်ရှိသော ရေဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာ များ ထောက်ပံ့ပေးအပ်ပြီး လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ရေကြီးရေလျှံမှုကြောင့် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ရပ်ကွက်ကြီး(၁)၊ ရပ်ကွက်ကြီး(၂)၊ ရပ်ကွက်ကြီး(၃)၊ ရပ်ကွက်ကြီး(၄)၊ ရပ်ကွက်ကြီး(၅)၊ ရပ်ကွက်ကြီး (၆)၊ ရပ်ကွက်ကြီး(၇)၊ ရပ်ကွက်ကြီး(၉)၊ ရပ်ကွက်ကြီး(၁၇)၊ ရပ်ကွက်ကြီး(၁၈)တို့ အတွင်းနှင့် ကျွဲနွားထောက်ကျေးရွာအုပ်စု၊ သရက်ပင်ကျေးရွာများအတွင်း ရေဝင် ရောက်မှုများ ဖြစ်ပေါ်ခဲ့ပြီး ဒိုးကွင်းရေလှောင်တမန် အကူရေပိုလွှဲ အောက်ပိုင်း ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။