မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုများကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် မြို့နယ်/ကျေးရွာများအား လိုအပ်သည့်ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်၊ ရေဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုများကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် မြို့နယ်/ကျေးရွာများအား လိုအပ်သည့်ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်၊ ရေဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

နေပြည်တော်၊ ဩဂုတ် - ၁၇

မွန်ပြည်နယ်အတွင်းရှိ ချောင်းဆုံမြို့နယ်၊ ကဒါကျေးရွာ၊ ကလော ကျေးရွာနှင့် ကွမ်သဲကျေးရွာ၊ မုဒုံမြို့ရှိ မြို့မ ၄ ရပ်ကွက်၊ အုတ်ကျင်းရပ်၊ လမိုင်းမြို့နယ်၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာ၊ ကရင်ပြည်နယ်၊ ကြာအင်း ဆိပ်ကြီးမြို့နယ်၊ မော်လမြိုင်မြို့ရှိ သီရိမြိုင်ရပ်ကွက်၊ ရန်ကုန်တိုင်းဒေသကြီး အတွင်း မင်္ဂလာဒုံမြို့နယ်ရှိ ပေါက်ကုန်းရပ်ကွက်နှင့် ပလရရပ်ကွက်၊ ကြံခင်းစု ရပ်ကွက်၊ မှော်ဘီမြို့နယ်၊ သန္ဓေပင် ကျေးရွာအုပ်စု၊ ထိန်စွန်းကျေးရွာနှင့် သံ တံတားကျေးရွာ၊ သန်လျင်မြို့နယ်၊ ဗိုလ်ချုပ်ကျေးရွာ၊ အေးသာယာရပ်ကွက်၊ ကျောင်းတန်းမြို့နယ်၊ မရမ်းဘေးကျေးရွာ၊ ပုတ္တလုတ်ကျေးရွာ၊ သုံးခွမြို့နယ် အတွင်းရှိ ကျေးရွာ ၂၉ ရွာ၊ ခရမ်းမြို့နယ်၊ ဘိုကလေး ကျေးရွာနှင့် အုန်းပင် ကျေးရွာ၊ ရွှေပြည်သာမြို့နယ်အတွင်းရှိ အမှတ်(၂၄) ရပ်ကွက်နှင့် အမှတ်(၂၆) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အမှတ် (၁၂)ရပ်ကွက်၊ ဧရာဝတီ တိုင်းဒေသကြီးအတွင်း ကျိုက်လတ် မြို့နယ်၊ ထရော်ရွာ သစ်နှင့် ကျုံမငဲ့ကျေးရွာ၊ ငပုတောမြို့နယ်၊ သစ်ရောင်းကျေးရွာအုပ်စု၊ သံပတ်ကွင်းကျေးရွာနှင့် ရခိုင် ပြည်နယ်အတွင်း ကျောက်ဖြူ မြို့နယ်၊ အစိုးရရပ်ကွက်၊ စေတီတောင်ရပ်ကွက်၊ ကုလားဘာတောင်ရပ်ကွက်နှင့် မြစ်နားတန်းရပ်ကွက် တို့၌ ဩဂုတ် ၁၆ ရက်နှင့် ယနေ့တို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုများကြောင့် ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် တောင်ကမ်းပါး ယံပြိုကျခြင်း၊ အဆောက် အဦ၊ လူနေအိမ်၊ ဈေးဆိုင်များပျက်စီးခြင်း၊ အခြေခံပညာကျောင်းများ အုတ် တံတိုင်းပျက်စီးခြင်း၊ ကျေးလတ်ဆေးပေး ခန်းတို့မှာ အမိုးလန် ပျက်စီးခြင်း နှင့် တံတားများပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သဖြင့် ယနေ့တွင် သက်ဆိုင်ရာ တိုင်းစစ် ဌာနချုပ်များမှ တပ်မတော်သားများက ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ ရေဘေးသင့် ပြည်သူ များအား ယာယီကယ်ဆယ်ရေးစခန်းနှင့် ရေဘေးလွတ်ကင်းရာနေရာများသို့ ကူညီ ရွှေ့ပြောင်းပေးခြင်း၊ ပြိုကျပျက်စီးနေသော အဆောက်အဦအမိုးများ ဖယ်ရှား ရှင်းလင်းခြင်းနှင့် ပြန်လည်ပြင်ဆင်ခြင်း၊ မြေထပ်မံပြိုကျမှုမရှိစေရေး သစ်လုံး များတုပ်ရိုက်ခြင်းများနှင့် လိုအပ်သည့်ကူညီ ကယ်ရေးလုပ်ငန်းများ အသီးသီး ဆောင်ရွက်ပေးခဲ့ကြသည်။
ထိုသို့ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကြပြီး လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေ များ၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ ကြကြောင်း သတင်းရရှိသည်။