မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျေးရွာချင်းဆက်တံတား ပြိုကျပျက်စီးမှုနှင့် လမ်းပိတ်ဆို့မှုဖြစ်ပေါ်ခဲ့သည့်နေရာများအား ပြန်လည်ပြုပြင်ခြင်းနှင့် ကူညီကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျေးရွာချင်းဆက်တံတား ပြိုကျပျက်စီးမှုနှင့် လမ်းပိတ်ဆို့မှုဖြစ်ပေါ်ခဲ့သည့်နေရာများအား ပြန်လည်ပြုပြင်ခြင်းနှင့် ကူညီကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ဩဂုတ် - ၉

ဧရာဝတီတိုင်းဒေသကြီး၊ ငရုတ်ကောင်းမြို့၊ ရေကျော်အုပ်စု၊ သင်္ကန်းကျေးရွာနှင့် မိုးတိမ်ပြင်ကျေးရွာအုပ်စု၊ ဆင်မှုံကျေးရွာတို့ကို ဆက်သွယ်ထားသော ကျေးရွာချင်း ဆက်သစ်တားတံတားသည် ဩဂုတ် ၆ ရက်တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးခဲ့ရာ ယနေ့တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများနှင့် ဒေသခံပြည်သူများပူးပေါင်း၍ ပြန်လည် ပြုပြင်ဆောက်လုပ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
အလားတူ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်အတွင်း ယနေ့နံနက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေးပြင်းတိုက်ခတ်မှုကြောင့် ပဲခူးမြို့၊ အလင်းရောင် ရပ်ကွက်၊ အောင်စိုးမိုး လမ်းထိပ်ရှိ ဓာတ်မီးတိုင်များတိမ်းစောင်းခြင်းနှင့် လမ်းဘေး ဝဲယာရှိသစ်ပင်များလဲကျပြီး လမ်းပိတ်ဆို့ ခြင်းများဖြစ်ပေါ်ခဲ့ရာ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ပဲခူးတပ်နယ်မှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်၍ သစ်ကိုင်များခုတ်ထွင်ရှင်းလင်းခြင်း၊ ပျက်က ျနေသည့် လျှပ်စစ်ဝါယာ ကြိုးများနှင့် တိမ်းစောင်းသွားသည့် ဓာတ်မီးတိုင်များအား သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ပြန်လည်တပ်ဆင်ပေးခြင်းများ ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။