မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုဖြစ်ပွားသည့်နေရာများ၌ ကူညီကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်

မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုဖြစ်ပွားသည့်နေရာများ၌ ကူညီကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်
 
နေပြည်တော်၊ ဇူလိုင် - ၂၉
 
မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း ဇူလိုင် ၂၅ ရက်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ ကျဆင်းလာမှုကြောင့် မြို့နယ်အချို့တွင် ရေကျော် ဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိပြီး အများပြည်သူ အသုံးပြုသော ကားလမ်းများနှင့် ကျေးရွာအဝင်များတွင် ရေကျော်ဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိရာ အရှေ့တောင် တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများနှင့် ဌာနဆိုင်ရာများက လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင် ၂၈ ရက်နှင့်ယနေ့တို့တွင် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ ရေဘေးကယ်ဆယ်ရေးစခန်းများမှ ရေဘေးသင့်ပြည်သူ များအား အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရှိ တပ်နယ်အသီးသီးမှ တာဝန်ရှိသူများက ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ အဆိုပါ နေရာများသို့ အသီးသီးသို့သွားရောက်၍ ဆန်၊ ဆီ၊ ထမင်းဘူးနှင့် စားသောက်ဖွယ်ရာ များပေးအပ်လှူဒါန်းကြသည်။
ထို့အပြင် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့၌ ဇူလိုင် ၂၈ ရက်တွင် မိုးသည်းထန်စွာရွာ သွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အများပြည်သူသွားကားလမ်းပေါ်သို့ လဲကျပိတ်ဆို့ နေသည့်သစ်ပင်များအား ယနေ့နံနက်ပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ တပ်မတော်သားများက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ခုတ်ထွင်ရှင်းလင်း ဖယ်ရှားပေးခဲ့ကြောင်း သတင်းရရှိသည်။