မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေဝင်ရောက်မှု ဖြစ်ပေါ်ခဲ့သည့် ဉတ္တရသီရိမြို့နယ်ရှိ Ocean စူပါမားကပ်၌ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်၊ လားရှိုးမြို့ သန့်ရှင်း သာယာလှပရေး စုပေါင်း သန့်ရှင်းရေး ပြုလုပ်

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေဝင်ရောက်မှု ဖြစ်ပေါ်ခဲ့သည့် ဉတ္တရသီရိမြို့နယ်ရှိ Ocean စူပါမားကပ်၌ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်၊ လားရှိုးမြို့ သန့်ရှင်း သာယာလှပရေး စုပေါင်း သန့်ရှင်းရေး ပြုလုပ်

နေပြည်တော်၊ စက်တင်ဘာ - ၂၁

  နေပြည်တော်ကောင်စီ နယ်မြေအတွင်း စက်တင်ဘာ ၂၀ ရက် ညပိုင်းမှစ၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဉတ္တရသီရိမြို့နယ်ရှိ Ocean စူပါမားကပ် အတွင်းသို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည်။

  အဆိုပါ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည့်နေရာသို့ ယနေ့တွင် ဉတ္တရခရိုင် မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက သွားရောက်၍ လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

  ထို့ပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ သန့်ရှင်းသာယာ လှပရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ယနေ့နံနက်ပိုင်းတွင် အရှေ့မြောက်တိုင်းစစ် ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန် ထမ်းများ ပူးပေါင်း၍ မြို့တွင်းလမ်းမကြီး တစ်လျှောက်ရှိ သစ်ပင်သစ်ကိုင်းများအလင်း ဖွင့်ရှင်းလင်းခြင်းနှင့် ရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေး ခြင်းတို့ကို စုပေါင်းဆောင်ရွက်ပေးပြီး ထိုသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။