မီးသတ်တပ်ဖွဲ့ဝင်များ၏ မီးငြှိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ အရေးပေါ် ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှု သရုပ်ပြသ

မီးသတ်တပ်ဖွဲ့ဝင်များ၏ မီးငြှိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ အရေးပေါ် ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှု သရုပ်ပြသ

နေပြည်တော်၊ စက်တင်ဘာ - ၁၉

  နိုင်ငံတော်နှင့် ပြည်သူလူထုအပေါ် ကျရောက်လာနိုင်သည့် သဘာဝဘေး အန္တရာယ်တွင် ပဓာနကျသော အရေးပေါ်ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အုတ်ပုံဆိပ်လမ်းရှိ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်ဝင်းအတွင်း၌  မီးသတ်တပ်ဖွဲ့ဝင်များ၏ မီးငြှိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ အရေးပေါ်ဆေးဘက် ဆိုင်ရာ ဝန်ဆောင်မှု သရုပ်ပြသခြင်း၊ Physical  Fit နှင့် Emergency  Medical   Services ( EMS) ပြိုင်ပွဲကို ပြုလုပ်သည်။

    အဆိုပါ သရုပ်ပြသခြင်းနှင့် ပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

    ထို့နောက် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မီးသတ် တပ်ဖွဲ့ဝင်များ၏ မီးငြှိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ အရေးပေါ်ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှု သရုပ်ပြသခြင်းနှင့် ပြိုင်ပွဲတို့ကို ကြည့်ရှုအားပေး ခဲ့ကြကြောင်း သတင်း ရရှိသည်။