မုံရွာမြို့နယ်နှင့် ယင်းမာပင်မြို့နယ်တို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ ၂၀၂၀-၂၀၂၁ ခုနှစ်၊ နှစ်ပတ်လည်အစည်းအဝေးပြုလုပ်

မုံရွာမြို့နယ်နှင့် ယင်းမာပင်မြို့နယ်တို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ ၂၀၂၀-၂၀၂၁ ခုနှစ်၊ နှစ်ပတ်လည်အစည်းအဝေးပြုလုပ်

နေပြည်တော်၊ အောက်တိုဘာ - ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်နှင့် ယင်းမာပင်မြို့နယ်တို့ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၏ ၂၀၂၀-၂၀၂၁ ခုနှစ်၊ နှစ်ပတ်လည်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ယင်းမာပင်မြို့နယ်၊ အောင်ဇေယျစစ်မှုထမ်းဟောင်းအိမ်ရာရှိ အောင်ဇေယျခန်းမ၌ ပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီးစစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ ဂုဏ်ထူးဆောင် နာယက၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်နှင့် တာဝန် ရှိသူများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ အား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။ ထို့နောက် မုံရွာမြို့နယ်နှင့် ယင်းမာပင်မြို့နယ်တို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ ၂၀၂၀-၂၀၂၁ ခုနှစ်၊ နှစ်ပတ်လည်အစည်းအဝေးကို အစီအစဉ်အတိုင်း ဆက်လက်ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။