မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ ကန်သာယာထပ်မံတူးဖော်ခြင်း နှင့် ကန်ပတ်လမ်းပြုလုပ် ပြီးစီးခြင်းအထိမ်းအမှတ် ပြုလုပ်

မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ ကန်သာယာထပ်မံတူးဖော်ခြင်း နှင့် ကန်ပတ်လမ်းပြုလုပ် ပြီးစီးခြင်းအထိမ်းအမှတ် ပြုလုပ်

နေပြည်တော်၊ ဩဂုတ် - ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ ကန်သာယာထပ်မံတူးဖော်ခြင်းနှင့် ကန်ပတ်လမ်းပြုလုပ်ပြီးစီးခြင်းကို ယနေ့နံနက်ပိုင်း တွင် အဆိုပါလမ်းမကြီးပေါ်ရှိ ကန်သာယာကန်၊ ရေလည်ကျွန်း၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး တာဝန်ရှိသူ တစ်ဦးက လုပ်ငန်းဆောင်ရွက်မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ကန်သာယာကန်ထပ်မံ တူးဖော်ခြင်းနှင့် ကန်ပတ်လမ်းပြုလုပ်ပြီးစီးခြင်းအထိမ်းအမှတ်အဖြစ် ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် မုံရွာမြို့ ပြည်သူ့ဆေးရုံ(ခုတင်-၅၀၀)ဆံ့ တိုးချဲ့(၅)ထပ် လူနာကုသဆောင် ဆောက်လုပ်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြ ချက်များပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ ဆေးရုံအတွင်း လှည့်လည် ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။