မုံရွာ-အရာတော် လမ်းပိုင်းတွင် စစ်သားများ လိုက်ပါလာသည့် ကား ၂ စီးကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်ကြောင်းမှူး ၁ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ များပြားကြောင်း မဟုတ် မမှန်သတင်းများအား တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit မှ ဝါဒဖြန့်ရေးသားလျက်ရှိ

နေပြည်တော်၊ ၂၀၂၃ ဒီဇင်ဘာလ ၁၁ ရက်

စစ်ကိုင်းတိုင်းတိုင်းဒေသကြီး၊ မုံရွာ-အရာတော် သွားကားလမ်းပိုင်း ကမ်းဖြူကျေးရွာ အနီးတွင် စစ်သားများ လိုက်ပါလာသည့် ကား ၂ စီးကို ဒီဇင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းက မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် ၁ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများပြားကြောင်း မဟုတ်မမှန် သတင်းများအား လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားလျက်ရှိသည်ကို တွေ့ရှိရသည်။

          ဖြစ်စဉ်အမှန်မှာ မုံရွာ-အရာတော်သွား ကားလမ်းရှိ ကမ်းဖြူကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် မော်တော်ယာဉ်များကို အကြမ်းဖက်သမားများက အဝေးမှနေ၍ ချောင်းမြောင်းပစ်ခတ်ထွက်ပြေးသွားကြောင်းနှင့် တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိ ကြောင်း  ဝါဒဖြန့်ရေးသားနေခြင်းသာဖြစ်ကြောင်း သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦး ၏  ပြောကြားချက် အရသိရှိရသည်။

ပြည်ဖျက်မီဒီယာများသည် လူမှုကွန်ရက်စာမျက်နှာများတွင် မမှန်မကန်သတင်းများ ရေးသားဖော်ပြခြင်းဖြင့် ပြည်သူလူထုအပေါ် ကြောက်ရွံ့ထိတ်လန့်၊ တပ်မတော်အပေါ် ယုံကြည်အားကိုးသည့်စိတ်များ ယိုင်နဲ့လာစေရန် ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေနေ ခြင်းသာ ဖြစ်ကြောင်းသတင်းရရှိသည်။