မော်လမြိုင်တပ်နယ်(သတ္တမအကြိမ်)အသံမစဲမဟာပဋ္ဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲပြုလုပ်

မော်လမြိုင်တပ်နယ်(သတ္တမအကြိမ်)အသံမစဲမဟာပဋ္ဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲပြုလုပ်

နေပြည်တော်၊ အောက်တိုဘာ - ၂၃

အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ မော်လမြိုင်တပ်နယ်(သတ္တမအကြိမ်) အသံ မစဲမဟာပဋ္ဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲကို ယနေ့နံနက် ပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် သန္တိသုခဓမ္မာရုံ၌ပြုလုပ်ရာ မော်လမြိုင်မြို့၊ ကော့ခနိရွှေကျောင်းတိုက် ပဓာနနာယက ဆရာတော် မြို့နယ်သံဃာ့ဝန်ဆောင် ဘန္ဒန္တသုမန အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြ သည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မော်လမြိုင်မြို့၊ ကော့ခနိ ရွှေကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ကော့ခနိရွှေကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာ တရား နာယူကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။ ၎င်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းပြီး ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြကြောင်း သတင်းရရှိသည်။