မော်လမြိုင်တပ်နယ်အတွင်းရှိ မွေးကင်းစမှ အသက် ၁ နှစ်ခွဲအောက် ကလေးငယ်များ အား ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး

မော်လမြိုင်တပ်နယ်အတွင်းရှိ မွေးကင်းစမှ အသက် ၁ နှစ်ခွဲအောက် ကလေးငယ်များ အား ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး

နေပြည်တော်၊ နိုဝင်ဘာ - ၂

အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ မော်လမြိုင်တပ်နယ်အတွင်းရှိ မွေးကင်းစမှ အသက် ၁ နှစ်ခွဲအောက် ကလေးငယ်များအား ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်း ကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အောင်ဆန်းခန်းမ၌ ပြုလုပ်သည်။
ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးရာတွင် နယ်မြေခံတပ်မတော်ဆေးရုံမှ ပါရဂူများနှင့် သူနာပြုများက ကလေးငယ် ၁၂၂ ဦးကို ဘီစီဂျီကာကွယ်ဆေး၊ ဝက်သက်ဂျိုက်သိုးရောဂါကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေး၊ ပိုလီယို အကြောသေရောဂါ၊ အသည်းရောင်/အသားဝါရောဂါကာကွယ်ဆေးနှင့် ၅ မျိုးစပ် ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးကြသည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။