မော်လမြိုင်မြို့နှင့် ကျောင်းကုန်းမြို့တွင် အောက်ဆီဂျင်စက်ရုံ တပ်ဆင်လည်ပတ်နေမှု အခြေအနေများအား ကြည့်ရှု

မော်လမြိုင်မြို့နှင့် ကျောင်းကုန်းမြို့တွင် အောက်ဆီဂျင်စက်ရုံ တပ်ဆင်လည်ပတ်နေမှု အခြေအနေများအား ကြည့်ရှု

နေပြည်တော်၊ စက်တင်ဘာ - ၁၈

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် ကျန်းမာ ရေးဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိသည်။

ထိုသို့ တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိရာ ယနေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ နယ်မြေခံဆေးတပ်ရင်းရှိ တစ်ရက်လျှင် အောက်ဆီဂျင် ၄၀ လီတာဝင် ၁၂၀ လုံး ထွက်ရှိမည့် အောက်ဆီဂျင်စက်ရုံတည်ဆောက်နေမှုအခြေအနေများနှင့် ဧရာဝတီတိုင်း ဒေသကြီး၊ ကျောင်းကုန်းမြို့ရှိ တစ်ရက်လျှင် အောက်ဆီဂျင် ၄၀ လီတာဝင် ၈၀ လုံး ထုတ်လုပ်နိုင်သည့် အောက်ဆီဂျင်ထုတ်စက်ရောက်ရှိ တပ်ဆင်နေမှုအခြေအနေများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်မှ တိုင်းမှူးနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။