မော်လမြိုင်မြို့နှင့် ရေကြည်မြို့တို့၌ အောက်ဆီဂျင်ထုတ်လုပ်သည့်စက် ရောက်ရှိ၊ တပ်ဆင်၊ တိုးချဲ့ဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှု

မော်လမြိုင်မြို့နှင့် ရေကြည်မြို့တို့၌ အောက်ဆီဂျင်ထုတ်လုပ်သည့်စက် ရောက်ရှိ၊ တပ်ဆင်၊ တိုးချဲ့ဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှု

နေပြည်တော်၊ အောက်တိုဘာ - ၂၉

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို လက်ခံ ကုသပေးခြင်းများ ဆောင်ရွက်လျက်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင် လိုအပ်ချက်များ မရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော်နှင့် စေတနာရှင် အလှူရှင်များ အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးနှင့် မြို့နယ်များတွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိသည်။
ထိုသို့ တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိရာ ယနေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ တစ်ရက်လျှင် ၄၀ လီတာဝင် အောက်ဆီဂျင်အိုး ၁၁၀ မှ ၁၂၀ အထိ ထုတ်လုပ်နိုင်မည့် အောက်ဆီဂျင် စက်ရုံတိုးချဲ့ ဆောက်လုပ်ပြီးစီးမှုအခြေအနေများကို အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့်အဖွဲ့ဝင်များက လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့၌ အောက်ဆီဂျင်ထုတ်လုပ်သည့်စက် ရောက်ရှိတပ်ဆင်နေမှုအခြေအနေ များအား မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီဉက္ကဋ္ဌ ဦးသန်းဝင်းနှင့် တာဝန်ရှိသူများက လည်းကောင်း အသီးသီးသွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။