မော်လမြိုင်မြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင် များအားတွေ့ဆုံ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား စားသောက်ဖွယ် ရာများ ပေးအပ်

မော်လမြိုင်မြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင် များအားတွေ့ဆုံ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား စားသောက်ဖွယ် ရာများ ပေးအပ်

နေပြည်တော်၊ စက်တင်ဘာ - ၂၀
    
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များအား ယနေ့မွန်းလွဲပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် အဖွဲ့ဝင်များက မော်လမြိုင်မြို့ရှိနယ်မြေခံ တပ်ရင်း ခန်းမ၌ တွေ့ဆုံသည်။
    
တွေ့ဆုံရာတွင် တိုင်းမှူးက အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင် များနှင့် ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက် ပေးကာ စားသောက်ဖွယ်ရာများ ပေးအပ်သည်။
အလားတူ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ ဝင်များ၊ တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့ပေါ် ရပ်ကွက်များရှိ ဒေသခံပြည်သူများအား သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တာဝန် ရှိသူများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များက ဆန်၊ ဆီ၊ ကြက်ဉများနှင့် စားသောက်ဖွယ်ရာများကို အသီးသီး သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။