မော်လမြိုင်မြို့၊ မြို့လုံးကျွတ် ဆွမ်းဆန်တော်လှူရေး အဖွဲ့ထံ ဆွမ်းဆန်တော်များ လှူဒါန်းခြင်းနှင့် သီတာနန္ဒီကျောင်းဆောင်သစ် ဆောက်လုပ်ရန် အလှူငွေများ ပေးအပ် လှူဒါန်းပွဲ ပြုလုပ်

မော်လမြိုင်မြို့၊ မြို့လုံးကျွတ် ဆွမ်းဆန်တော်လှူရေး အဖွဲ့ထံ ဆွမ်းဆန်တော်များ လှူဒါန်းခြင်းနှင့် သီတာနန္ဒီကျောင်းဆောင်သစ် ဆောက်လုပ်ရန် အလှူငွေများ ပေးအပ် လှူဒါန်းပွဲ ပြုလုပ်

နေပြည်တော်၊ စက်တင်ဘာ - ၂၁

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြို့လုံးကျွတ် ဆွမ်းဆန်တော်လှူရေး အဖွဲ့ထံ ဆွမ်းဆန်တော်များ လှူဒါန်းခြင်းနှင့် သီတာနန္ဒီကျောင်းဆောင်သစ် ဆောက်လုပ်ရန် အလှူငွေများ ပေးအပ် လှူဒါန်းခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် မော်လမြိုင်မြို့၊ ဓမ္မနန္ဒီ ဗုဒ္ဓကောလိပ်၌ ပြုလုပ်ရာ မော်လမြိုင်မြို့၊ ရွှေကျောင်းပရိယတ္တိ စာသင်တိုက် ဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ သာသန ဓဇသိရီပဝရဓမ္မာစရိယ၊ ဘဒ္ဒန္တ ပညာဝသ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင် နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ကြသည်။

  ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ရွှေကျောင်းပရိယတ္တိစာသင်တိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များအား လှူဖွယ်ပစ္စည်းများ၊ ဆွမ်းဆန်တော်နှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ဆွမ်းဆန်တော် အလှူရှင်များ ကိုယ်စား မော်လမြိုင်မြို့၊ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း(YMBA)ဉက္ကဌက ဆွမ်းဆန်တော် ၅၀၀ အိတ်နှင့် စေတနာရှင် အလှူရှင်အလှူရှင်များက သီတာနန္ဒီကျောင်းဆောင်သစ် ဆောက်လုပ်ရန်နှင့် သိမ်ပြု ပြင်ရန်အလှူငွေများ ပေးအပ်လှူဒါန်းရာ ပြည်နယ် ဝန်ကြီးချုပ်နှင့် ခရိုင်အုပ်ချုပ်ရေး မှူးတို့က လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။

၎င်းနောက် ရွှေမြင့်မိုရိဓမ္မနန္ဓီ ဆရာတော် ဒေါက်တာ အရှင်ပဏ္ဍိတ က မြို့လုံး ကျွတ်ဆွမ်းဆန်တော်လှူရေး အဖွဲ့သို့ ဆွမ်းဆန်တော်အိတ် ၅၀၀ လှူဒါန်းရခြင်းနှင့် ပတ်သက်၍ လျှောက်ထားပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျေးဇူးတင် ဝမ်းမြောက်စကား ပြန်လည်လျှောက်ထားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပြည်နယ်သံဃနာယက ဉက္ကဌ ဆရာတော်ထံမှ အနုမောဒနာတရားနာယူကြပြီး သံဃာတော်များ၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက သီတာနန္ဓီ ကျောင်းဆောင်သစ် ဆောက်လုပ်ရန် မြေနေရာ၌ ပန္နက်တော်တင်၍ အမွှေးနံ့သာသာ ပက်ဖျန်းခဲ့ကြကြောင်း သတင်း ရရှိသည်။