မြစ်ကြီးနားမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ ၂၀၂၀-၂၀၂၁ ခုနှစ်၊ နှစ်ပတ်လည် အစည်းအဝေးပြုလုပ်

မြစ်ကြီးနားမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ ၂၀၂၀-၂၀၂၁ ခုနှစ်၊ နှစ်ပတ်လည် အစည်းအဝေးပြုလုပ်

 
နေပြည်တော်၊ အောက်တိုဘာ - ၁၂

 
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ ၂၀၂၀-၂၀၂၁ ခုနှစ်၊ နှစ်ပတ်လည်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ဗလမင်းထင်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦး နှင့် တာဝန်ရှိသူများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ အတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ ၂၀၂၀-၂၀၂၁ ခုနှစ်၊ နှစ်ပတ်လည်အစည်းအဝေးကို အစီအစဉ်အတိုင်း ဆက်လက်ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။