မြန်မာနိုင်ငံရဲတပ်ဖွဲဝင်များနှင့် မိသားစုဝင်များ၊ ပြည်သူ့စစ်(ဌာနေ)အဖွဲဝင်များနှင့် လုံခြုံရေးတပ်ဖွဲဝင်များအတွက် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ် 

မြန်မာနိုင်ငံရဲတပ်ဖွဲဝင်များနှင့် မိသားစုဝင်များ၊ ပြည်သူ့စစ်(ဌာနေ)အဖွဲဝင်များနှင့် လုံခြုံရေးတပ်ဖွဲဝင်များအတွက် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ် 

နေပြည်တော်၊ စက်တင်ဘာ - ၁၃

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သွားလာမှုကန့်သတ်ချက်များကြောင့် စစ်မှုထမ်း ဟောင်းအဖွဲဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲဝင်များ၊ ပြည်သူ့စစ်(ဌာနေ)အဖွဲဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားရေး အဆင်ပြေစေရေးအတွက် တပ်မတော်နှင့် စေတနာရှင်အလှူရှင်များက စားသောက် ဖွယ်ရာများနှင့် ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ လှူဒါန်းလျက်ရှိသည်။

ထိုသိုပေးအပ်လျက်ရှိရာ ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊  လောင်းလုံးမြိုနယ်အတွင်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲဝင်များနှင့် မိသားစုဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲဝင်များနှင့် လုံခြုံရေးတပ်ဖွဲဝင်များအတွက် စားသောက် ဖွယ်ရာများနှင့် ထောက်ပံ့ငွေများကို ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိင်နှင့်အဖွဲဝင်များက သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။