မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ သဘောထား ထုတ်ပြန်ချက် (၃/၂၀၂၃)  ၂၀၂၃ခုနှစ်၊ ဧပြီလ ၁၅ရက် ၊ စနေနေ့ 

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ သဘောထား ထုတ်ပြန်ချက် (၃/၂၀၂၃)  ၂၀၂၃ခုနှစ်၊ ဧပြီလ ၁၅ရက် ၊ စနေနေ့ 

 

၁။      ဧပြီလ(၁၅) ရက်နေ့ နံနက် (၉)နာရီ (၃၀)မိနစ်ခန့်က ကယားပြည်နယ် ဗဟိုမဏ္ဍပ် အား  မြန်မာ့နှစ်သစ်ကူး အတာ သင်္ကြန်ပွဲတော်ကို ပျက်စီးစေလိုသော ရည်ရွယ်ချက်ဖြင့် PDF အမည်ခံ အကြမ်းဖက်သမားများက Drop Bomb တစ်လုံးအသုံးပြုကာ ယုတ်မာ ရက်စက်စွာ နှောင့်ယှက်ဖျက်ဆီး တိုက်ခိုက်ခဲ့ပါသည်။

၂။       အဆိုပါ အကြမ်းဖက်သမားများ၏ လူမဆန်သည့် ယုတ်မာတိုက်ခိုက်မှုသည် စစ်ရေးပစ်မှတ်မဟုတ်သည့် အများပြည်သူ ပျော်ရွှင်စွာရေကစားနေသည့် မဏ္ဍပ်အား ရည်ရွယ်ချက်ရှိရှိ ဖြင့် ပြည်သူများ ထိတ်လန့် ကြောက်ရွံ့စေရန်နှင့် အုပ်ချုပ်ရေးယန္တရား အား ပျက်စီးစေရန် လုပ်ဆောင်ခဲ့ကြောင်း ပေါ်လွင်ခဲ့ပြီး အပြစ်မဲ့ပြည်သူ (၂၈)ဦး ထိခိုက်ဒါဏ်ရာ ရရှိခဲ့ကြောင်း စိတ်နှလုံးမချမ်းမြေ့ဖွယ် သိရှိရပါသည်။

၃။      အကြမ်းဖက်သမားများ၏ ဆင်ခြင်တုံတရားကင်းမဲ့စွာ ဖြင့် စစ်ရေးနှင့်မသက် ဆိုင်သော ပြည်သူများ၏ ပျော်ရွှင်စွာရေကစားနေသောမဏ္ဍပ်နေရာကို ပစ်ခတ်ဖျက် ဆီးခဲ့သည့် လုပ်ရပ်သည် ဒေသတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်နှင့် နှစ်သစ်ကူး အတာသင်္ကြန်ကို ရုပ်ဆိုး အကျည်းတန်စေရန်ရည်ရွယ်လုပ်ဆောင်ကြောင်း ထင်ရှားသဖြင့် အဆိုပါ အကြမ်းဖက်  လုပ်ရပ်ကို လုပ်ကိုင်ခဲ့သည့် မည်သည့် အကြမ်းဖက်အဖွဲ့အစည်း ကို မဆို မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ  က လုံးဝ (လုံးဝ) လက်မခံနိုင်ပါကြောင်းနှင့် ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန်ကြေညာ အပ်ပါသည်။

 

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ