မြန်မာနိုင်ငံ၏ ပထမဦးဆုံး COVID-19 ဗိုင်းရပ်ပိုး အပါအဝင် Influenza ဗိုင်းရပ်များ ကုသသော ဆေးဝါး(သောက်ဆေး) ထုတ်လုပ်အောင်မြင်

နေပြည်တော်  ဒီဇင်ဘာ  ၃၁

COVID-19 virus အပါအဝင် Influenza Virus ကုသဆေး '' FAVIPAC (Favipiravir 200mg) သောက်ဆေး''ကို COVID-19 လူနာများ၊ ပြင်းထန်  Flu  ဝေဒနာရှင်များ (Mild to Moderate Sy-mptom) အတွက် Pacific Medical Industries Ltd. (PMI) အနောက်တိုင်း ဆေးဝါးစက်ရုံမှ မြန်မာနိုင်ငံတွင်  ''ပထမဦးဆုံး'' ထုတ်လုပ်အောင်မြင်ကြောင်း (AA Medical Products  Ltd.) က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။

Pacific Medical Industries Ltd. (PMI)  သည် Japan, Russia, China, India, Taiwan, ဥရောပနိုင်ငံများနှင့် တောင်အမေရိက နိုင်ငံများ အပါအဝင် နိုင်ငံအများအပြားတွင် Emergency Use Authorisation အနေဖြင့်   သုံးစွဲနေသော Favipiravir 200mg (Original Product's Brand Name - Avigan from Japan)  ကို PMI ၏ နိုင်ငံခြားသား Research & Formulation Scientist များ၊ Analytical Method Development Scientistများနှင့် မြန်မာ Pharmacist များပူးပေါင်းကာ PMI  စက်ရုံ၏ R & D Centerတွင် ပြည်ပမှ တင်သွင်းလာသော Raw Material  များ အသုံးပြု၍ Generic Medicine အဖြစ်  တီထွင် ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ ထိုသို့  FAVIPAC (Favipiravir 200mg) PMI စက်ရုံတွင် ထုတ်လုပ်မှုသည် မြန်မာနိုင်ငံ၏ ပထမဦးဆုံး COVID-19 Virus ပိုး အပါအဝင် Influenza Virus ကုသဆေးဝါး ထုတ်လုပ် အောင်မြင်မှုဖြစ်ကြောင်းနှင့် အဆိုပါ  Generic Medicine FAVIPAC (Favipiravir 200mg) Tabletအား အစားအသောက်နှင့်  ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနသို့  အောက်တိုဘာလဆန်းတွင် Registration Sample & Registration Dossier အပ်နှံ၍ ဆေးဝါးမှတ်ပုံတင်ခြင်းများကို ဆောင်ရွက်ခဲ့ရာ ယခုအခါ Myanmar FDA ၏ ဒီဇင်ဘာ ၂၃ ရက်နေ့ အကြောင်းကြားစာအရ ခွင့်ပြုချက် ရရှိခဲ့ကြောင်း ဖော်ပြထားသည်။

FAVIPAC  (Favipiravir 200mg) သောက်ဆေးကို   COVID-19  ရောဂါလက္ခဏာနှင့် Influenza တုပ်ကွေးရောဂါ လက္ခဏာအနည်းငယ်ပြချိန်မှစ၍ သောက်သုံးကုသခြင်းဖြင့် အမြန်နာလန် ထူလာနိုင်ခြင်း၊  အလွန်ဆိုးရွားသော ရောဂါအဆင့်သို့ ရောက်ရှိခြင်းမှလျှော့ချနိုင်ခြင်း စသည့် အကျိုးကျေးဇူး များရရှိကြောင်း။

ကိုရိုနာဗိုင်းရပ် ကာကွယ်ဆေး Remdesivir  မှာ ထိုးဆေးဖြစ်ပြီး ဆေးရုံတွင်  ၅-၁ဝ ရက်ခန့်ထိုးရသော အကြောဆေးဖြစ်ကြောင်း၊ Remdesivir ထိုးဆေးသည် PMI ၏ FAVIPAC(Favipiravir) ထက် အဆများစွာ ပိုမိုဈေးကြီးသော  ထိုးဆေးဖြစ်သည့် အလျောက် တိုင်းပြည်နှင့် အလှူရှင်များအတွက် စရိတ်စက ပိုမိုကြီးမြင့်စေသကဲ့သို့ သောက်ဆေးနှင့် ယှဉ်လျှင် Side Effects ပိုများနိုင်ကြောင်း။

 ထို့ကြောင့်   FAVIPAC သောက်ဆေးဖြင့် တိုင်းပြည်၊ အလှူရှင်၊ လူနာနှင့် ဆရာဝန်များအတွက်    တစ်ဖက်တစ်လမ်းက အထောက်အကူပြုလိမ့်မည် ဖြစ်ကြောင်း (AA Medical Products  Ltd.) မှသိရသည်။

 လက်ရှိတွင် ဖြစ်ပွားနေသော COVID-19 Pandemic၏ ကုသဆေးဝါးများ လိုအပ်ချိန်တွင် မြန်မာနိုင်ငံ၌ COVID-19 လူနာများနှင့် ပြင်းထန်တုပ်ကွေး လူနာများ ကုသရန်အတွက် ငွေကျပ် ၅၈၅ သိန်းတန်ဖိုးရှိ FAVIPAC (Favipiravir 200mg) ကို  COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်  ဗဟိုကော်မတီထံမှ တစ်ဆင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက်ရှိ Central Medical Store Department သို့ ၃ဝ-၁၂-၂ဝ၂ဝ တွင် Tablets  ၁ဝဝဝဝ ပေးပို့လှူဒါန်းခဲ့ပြီး ၃၁-၁၂-၂ဝ၂ဝ တွင် Tablets  ၁၅ဝဝဝ ကို တပ်မတော်၏ COVID-19 ကုသရေးဆေးရုံများသို့ လှူဒါန်းခဲ့ကြောင်း။

 ဆက်လက်၍ Tablets  ၅ဝဝဝဝ ကို တစ်နိုင်ငံလုံးရှိ COVID-19 ကုသဆေးရုံ ၂၅ ရုံသို့ ပေးအပ် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

Favipiravir သည်   ဆရာဝန်၏ ဆေးညွှန်းဖြင့်သာ  သောက်သုံးရသည့်ဆေးဖြစ်ပြီး Favipiravir နှင့်ပတ်သက်၍ နိုင်ငံတကာ၏ Clinicaltrial  နှင့် Technical Information  ကိုသိရှိလိုသူများ အနေဖြင့် website  များတွင် ဖတ်ရှုလေ့လာနိုင်ကြောင်း သိရသည်။