မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများ အသင်းချုပ်(MCCOC)၏ သုဝဏ္ဏဘူမိ  Event Park  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး စင်တာဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက် ထားရှိမှုများ ကြည့်ရှုစစ်ဆေး

မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများ အသင်းချုပ်(MCCOC)၏ သုဝဏ္ဏဘူမိ  Event Park  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး စင်တာဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက် ထားရှိမှုများ ကြည့်ရှုစစ်ဆေး

နေပြည်တော်   သြဂုတ်   ၂၃

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ထိန်းချုပ်နိုင်ရေး   အရှိန်အဟုန်မြှင့်    ဆောင်ရွက်လျက်ရှိပြီး ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို   နိုင်ငံအဝန်း၌ သက်ဆိုင်ရာ တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့      ဆောင်ရွက်ပေးလျက်ရှိရာ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ  အထောက်အကူဖြစ်စေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်း မြို့နယ်၊  သုဝဏ္ဏဘူမိ  Event Park ရှိ မြန်မာနိုင်ငံ    တရုတ်ကုန်သည်ကြီးများ အသင်းချုပ်(MCCOC)၌ ကျန်းမာရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက်နှင့် တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရေး စင်တာပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ထိုသို့ ဆောင်ရွက်လျက်ရှိနေမှုများကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်  တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့်   တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများက  သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

အဆိုပါ စင်တာတွင်    လူမျိုးဘာသာမရွေး မိမိတို့၏  ကိုယ်ပိုင် အစီအစဉ်ဖြင့် ထိုးနှံရန်အတွက် အသင်းအဖွဲ့များ၊  ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များအား ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်ကြောင်း   သတင်းရရှိသည်။