မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို ၂ဝ၂၂ ခုနှစ်မှသာ ကျင်းပမည်

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို ၂ဝ၂၂ ခုနှစ်မှသာ ကျင်းပမည်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာ နေရှင်နယ်လိဂ် ကော်မတီမှ ကြီးမှူးကျင်းပ နေသည့် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကို ကိုဗစ်-၁၉   ရောဂါအခြေအနေကြောင့် ယခုနှစ်တွင်    ကျင်းပနိုင်မည်မဟုတ်ဘဲ ၂ဝ၂၂ ခုနှစ်မှသာ ကျင်းပမည်ဟု မြန်မာနေရှင်နယ်လိဂ် ကော်မတီက အတည်ပြု ထားကြောင်း သိရသည်။

မြန်မာနေရှင်နယ်လိဂ်ကော်မတီ အနေဖြင့် အစောပိုင်းက ၂ဝ၂၁  မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကို ယခုနှစ် ဧပြီလ သို့မဟုတ် မေလအတွင်း ကျင်းပရန် သတ်မှတ်ထားသော်လည်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့ရသည်။

ယခုလည်း မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ   ဖြစ်ပွားနေဆဲဖြစ်သောကြောင့်    ပြိုင်ပွဲကျင်းပရန် အခက်အခဲ ရှိနေသည့်အတွက် မြန်မာနေရှင်နယ်လိဂ် ကော်မတီက ပြိုင်ပွဲဝင်အသင်းများနှင့် ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ၂ဝ၂၂ ခုနှစ်မှသာ ပြန်လည်ကျင်းပရန်  အတည်ပြု ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို ၂ဝဝ၉ ခုနှစ်က  စတင်ကျင်းပခဲ့ပြီး  နောက်ဆုံးအကြိမ် ကျင်းပခဲ့သည့် ၂ဝ၂ဝ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲတွင် ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် ပြိုင်ပွဲကို ခေတ္တရပ်နားခဲ့ရသော်လည်း ပရိသတ်များ မပါဝင်ဘဲ ကွင်းပိတ်စနစ်ဖြင့် ပြီးဆုံးအောင် ကျင်းပနိုင်ခဲ့ကာ ချန်ပီယံဆုကို ရှမ်းယူနိုက်တက် အသင်းက    ဆွတ်ခူးရရှိခဲ့ကြောင်း   သိရသည်။