မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်နေ့(ဓမ္မစကြာနေ့)တွင် ကျင်းပမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်လှူခြင်း၊ ကျောက်စာရုံများ ထီးတော်တင်လှူခြင်း နှင့်ရေစက်ချအခမ်းအနားများအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်နေ့(ဓမ္မစကြာနေ့)တွင် ကျင်းပမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်လှူခြင်း၊ ကျောက်စာရုံများ ထီးတော်တင်လှူခြင်း နှင့်ရေစက်ချအခမ်းအနားများအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် - ဇူလိုင် ၂၀

ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်နေ့(ဓမ္မစကြာနေ့)၊ ခရစ်နှစ် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် ဗုဒ္ဓါဘိသေကအနေကဇာတင်လှူခြင်း၊ ကျောက်စာရုံစေတီတော်များ ထီးတော်တင်လှူခြင်းနှင့် ရေစက်ချအခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်ရှိ ယာယီရှင်းလင်းဆောင်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြား သည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၏ အကြံပေး ပုဂ္ဂိုလ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမျိုးသန့် ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိ ကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က အမှာစကားပြောကြားရာတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၊ သဲဖြူကုန်းတော်မြေနေရာ တွင် ကိန်းဝပ်စံပယ်တော်မူသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါ ဘိသေက အနေကဇာတင်လှူခြင်း၊ ကျောက်စာရုံများ ထီးတော်တင်လှူခြင်းနှင့် ရေစက်ချမင်္ဂလာအခမ်းအနားများ နိုင်ငံတော်အဆင့် အောင်မြင်စွာ ကျင်းပနိုင် ရေးအတွက် ယခုကဲ့သို့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပရခြင်း ဖြစ် ကြောင်း။
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရသည့် ရည်ရွယ် ချက်များမှာ မြန်မာနိုင်ငံ၌ ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်း တောက်ပစွာတည်ရှိနေမှုကို ကမ္ဘာသို့ပြသရန်၊ မြန်မာနိုင်ငံကို ထေရဝါဒဗုဒ္ဓ ဘာသာကိုးကွယ်မှု ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီး သာယာဝပြောစေရန်နှင့် ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုဖြစ်စေရန်စသည့် မွန်မြတ်သည့် စိတ်ရင်း စေတနာ တို့ဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဘူမိနက်သန်နေရာသည် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ စကျင် ကျေးရွာအနီး စကျင်တောင်တော်ဖြစ်ပြီး မူလစကျင်ကျောက်တုံးကြီးကို Anglo Mining Co.LTD လုပ်ကွက်အတွင်းမှ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်တွင် တွေ့ရှိခြင်းဖြစ်ကြောင်း၊ ကုမ္ပဏီပိုင်ရှင်က ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထား ကိုးကွယ်ရန်အလို့ငှာ ရွှေဖောင်ဒေးရှင်းသို့ လှူဒါန်းခဲ့ရာ ရွှေဖောင်ဒေးရှင်းမှ တဆင့် လုပ်ဆောင်နိုင်မည့်စွမ်းဆောင်ရည်နှင့် လူ့စွမ်းအားအရင်းအမြစ် များစွာ ပြည့်စုံမှုရှိသည့် တပ်မတော်သို့ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ထုဆစ်တည်ဆောက် တည်ထားကိုးကွယ်နိုင်ရန် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း၊ ထို့အတူ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး တည်ထားကိုးကွယ်နိုင်ရန် မြေနေရာ ၂၂၈ ဧက ကိုပါ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း။
တပ်မတော်အနေဖြင့် ထို့သို့လွှဲပြောင်းလက်ခံရရှိခဲ့ပြီး စကျင်ကျောက်တော်ကြီး ၏ အခြေအနေကို အသေးစိတ်လေ့လာနိုင်ရန် တပ်မတော်မှ တာဝန်ရှိအဖွဲ့များ သည် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်တွင် သွားရောက်ကြည့်ရှုကြပြီး ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဖြစ်မြောက်အောင်မြင်စွာ အကောင်အထည်ဖော် နိုင်ရေး လုပ်ငန်းစဉ် ၈ ရပ်ကို ချမှတ်ဆောင်ရွက်ခဲ့ကြောင်း။
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလတွင် စကျင်ကျောက်တော်ကြီးကို တူးဖော် ထုတ်လုပ်ခြင်း၊ ဒီဇင်ဘာလတွင် ထုဆစ်ရန်ဆင်းတုတော်လေးဘက် ရိုက်ပုံစံ ဖြတ်တောက်ခြင်း၊ ၂၀၁၉ ခုနှစ်၊ မတ်လတွင် လေးဘက်ရိုက် ပုံစံဖြတ်တောက် ပြီးစီးမှုအပေါ် ဆင်းတုတော်အချိုးမှန်တွက်ချက်ပြီး စကျင်ကျောက်တော်ကြီး အား ဗုဒ္ဓရုပ်ပွားတော် အပိုင်း ၄ ပိုင်း ခွဲခြားထုဆစ်ရခြင်း၊ ပလ္လင်တော် သီးသန့်အတွက် အပိုင်း ၅ ပိုင်းခွဲ၍ ထုဆစ်ရန်သတ်မှတ်ခြင်း၊ အပိုင်းလိုက် စကျင်ကျောက်တော်များ အပိုင်းလိုက်ခွဲ၍ သယ်ဆောင်ခြင်းများ ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြောင်း။
တူးဖော်ခြင်းလုပ်ငန်းကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၀ ခုနှစ်၊ ဇွန်လ အထိ ၂၁ လအကြာ ဆောင်ရွက်ခဲ့ပြီး နေပြည်တော်သို့ ပင့်ဆောင်ရေးလုပ်ငန်း ကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လမှ စက်တင်ဘာလအထိ ရေကြောင်းမှ ပင့်ဆောင် ခြင်း၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအထိ ကုန်းလမ်းကြောင်းမှ ပင့်ဆောင် ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း၊ ပလ္လင်တော်တွဲဆက်ခြင်း လုပ်ငန်းများကို ၂၀၂၁ ခုနှစ်၊အောက်တိုဘာလမှ ဒီဇင်ဘာလအထိလည်း‌ကောင်း၊ ဆင်းတုတော်အစိတ်အပိုင်းများ CNC စက်ဖြင့်ထုဆစ်ခြင်းကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ လည်းကောင်း၊ ဆင်းတုတော် အစိတ်အပိုင်းများတွဲဆက်နေရာချထားခြင်းကို ၂၀၂၂ ခုနှစ်၊ ဧပြီလမှ ဩဂုတ်လ အထိလည်းကောင်း၊ ဆင်းတုတော်အပိုင်း ၁ ၊ ၂ ၊ ၃ တွဲဆက်ခြင်းကို ၂၀၂၂ ခုနှစ် ၊ စက်တင်ဘာလမှ အောက်တိုဘာ လအထိလည်းကောင်း၊ တွဲဆက်ပြီးဆင်းတု တော်အပိုင်း ၁ ၊၂ ၊ ၃ ကို ပင့်ဆောင်ရန်ဆောင်ရွက်မည့် Gantry Tower Crane ပြင်ဆင်ခြင်းကို ၂၀၂၂ ခုနှစ်၊ ဇွန်လ မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအထိ လည်းကောင်း၊ Gantry Tower Crane ဖြင့် ပြီးစီးသွားသည့်ဆင်းတုတော်အပိုင်း ၁ ၊ ၂ ၊ ၃ ပင့်ဆောင်ခြင်းနှင့် ရတနာပလ္လင်တော်အပေါ်သို့ ပင့်ဆောင်နေရာချ ထားခြင်းကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်မှ ၃၁ ရက်အထိလည်းကောင်း၊ ဆင်းတုတော် အပိုင်း ၄ ပင့်ဆောင်ခြင်းနှင့် ရတနာပလ္လင်တော်ပေါ်သို့ ပင့်ဆောင် နေရာချထားခြင်းကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက် မှ ၁၃ ရက်အထိ လည်းကောင်း၊ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်မှ ဇူလိုင်လ ၃၁ ရက်အထိ အချောသပ် လက်မှုလုပ်ငန်းနှင့် ဆေးသင်္ကန်းကပ်လှူခြင်းကိုလည်းကောင်း၊ ၂၀၂၃ ခုနှစ်၊ မေ ၁ ရက်တွင် ဥဏ္ဏလုံမွေးရှင်တော်ဓာတ် စီသွင်းပူဇော်ခြင်း ကိုလည်းကောင်း ဆောင်ရွက်ခဲ့ကြောင်း။
ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်နေရာ စတင်ပန္နက်တော် တင်ခြင်း ဆောင်ရွက်ချိန်မှ ဗုဒ္ဓါဘိသေက အနေကဇာတင်အခမ်းအနား ကျင်းပ ပူဇော်မည့် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်နေ့ (ဓမ္မာစင်္ကြာနေ့) (၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက် ) အထိဆိုလျှင် ရက်ပေါင်း ၁၁၄၃ ရက်ကာလအတွင်း သတ်မှတ်လုပ်ငန်းစဉ်များအားလုံးကို တာဝန်ရှိသူ များ၊ စေတနာရှင် အလှူရှင်များအနေဖြင့် ကိုဗစ်-၁၉ အပြင်းထန် ဆုံးကာလနှင့် အခြားအခက်အခဲများကို ဖြတ်ကျော်၍ နေမအား ညမနား ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ဆောင်ရွက်ခဲ့သော ရလဒ်အဖြစ် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက် (ဒုတိယဝါဆိုလပြည့်) တွင်ကျင်းပမည့် နေပြည်တော်ကောင်စီ နယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၊ သဲဖြူကုန်းတော်မြေတွင် တည်ထားကိုးကွယ်ထား သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဗုဒ္ဓဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနား ဆင်ယင်ကျင်းပခြင်းနှင့်အတူ ကမ္ဘာပေါ်၌ အလေးချိန် အများဆုံးနှင့် ဉာဏ်တော်အမြင့်ဆုံး အံ့မခန်းဖွယ်ရာ ကျောက်သားစစ်စစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တစ်ဆူကို မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားများနှင့် ဗုဒ္ဓဘာသာကို ကြည်ညိုလေးစားကိုးကွယ်ကြသည့် ကမ္ဘာနိုင်ငံများရှိ ဗုဒ္ဓဘာသာ ဝင်များ၊ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မှုဆိုင်ရာ တည်ဆောက်ရေး အသိပညာ အတတ်ပညာများကို လေ့လာလိုကြသည့် အသိပညာရှင်များ၊ အတတ်ပညာရှင်များ၊ လေ့လာရေးသုတေသီများ၊ ဖူးမြော် ကြည်ညို ကုသိုလ်သဒ္ဓါပွားများခြင်းနှင့် လေ့လာခွင့်များရရှိလာမည်ဖြစ်ကြောင်း။
အလားတူ ဂေါတမ ဗုဒ္ဓမြတ်စွာဘုရားရှင် ၄၅ ဝါပတ်လုံး ဟောကြား ဆိုဆုံးမတော်မူခဲ့သည့် ဝိနည်း၊ အဘိဓမ္မာနှင့် သုတ္တန် ဒေသနာတော်များ ကမ္ဘာ တည်သရွေ့မပျက်စီးဘဲ ကမ္ဘာ့ဗုဒ္ဓသာသနာ့စာကြည့်တိုက်ကြီးအဖြစ် တည်ရှိနေ စေရေးအကျိုးငှာ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး မျက်နှာတော် မူရာ အရပ် မျက်နှာ၌ ဝိနည်းကျောက်စာရုံ စေတီ ၉၆ ဆူ၊ အဘိဓမ္မာကျောက်စာရုံ စေတီ၂၁၆ ဆူနှင့် သုတ္တန် ကျောက်စာရုံ စေတီ ၄၀၈ ဆူ စုစုပေါင်း ကျောက်စာ ရုံစေတီ ၇၂၀ ဆူကို တစ်ဆူလျှင် ကျောက်စာချပ် ၂ ချပ်၊ ကျောက်စာ တစ်ချပ် တွင် ပါဠိဘာသာတစ်ဖက်၊ ရိုမန်ဘာသာတစ်ဖက်ရေးထိုးထားပြီး ၂၀၂၂ ခုနှစ် မတ်လ ၁၆ ရက်မှ ဇွန်လ ၃၀ ရက်တွင် တည်ဆောက်ခဲ့ကြောင်း၊ ကျောက်စာချပ် များပေါ်တွင် စာသားရေးထွင်းမှုကို ကွန်ပျူတာထိန်းချုပ် စက်ယန္တရားများ အကူ အညီဖြင့် ၂၀၂၂ ခုနှစ် မေလ ၁၃ ရက်မှစတင်ခဲ့ရာ ၂၀၂၃ခုနှစ်ဇန်နဝါရီလ ၂၉ ရက်တွင်ပြီး စီးခဲ့ကြောင်း၊ ကျောက်စာချပ် စတင်စိုက်ထူမှုကို ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၁ ရက် တွင်စတင်ခဲ့ရာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်တွင် ပြီးစီးခဲ့ ကြောင်း၊ ထူးခြားချက်အနေဖြင့် စတင်တူးဖော်ချိန်မှ လုပ်ငန်းစဉ် ၈ ရပ် အကောင်အထည်ဖော်ပြီးစီးသည့် အချိန်အထိ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ နှင့် တပ်မတော်သားအင်ဂျင်နီယာများကသာ ဆောင်ရွက်ခဲ့သည်ကို ဂုဏ်ယူဝမ်း မြောက်ဖွယ် တွေ့ရှိရကြောင်း။
ယခုလို ပြည်ပပညာရှင် တစ်ဦးတစ်ယောက်မျှမပါဘဲ မြန်မာနိုင်ငံသား အင်ဂျင်နီယာပညာရှင်များဖြင့်သာ ဆောင်ရွက်နိုင်မှုကြောင့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးနှင့်အတူ ဗုဒ္ဓဉယျာဉ်တော်ကြီးတစ်ခု အံ့မခန်းဖွယ်ရာ ပေါ်ပေါက်လာမှုကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဦးဆောင်ဘုရားဒါယကာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၉ ရက်တွင် သာသနာရေးဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်ရပုဂ္ဂိုလ်များ၊ ပြည်တွင်းဘဏ်များနှင့် ကုမ္ပဏီကြီး များမှတာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်တွင်း ရုပ်သံလိုင်း များနှင့် ဆက်သွယ်ရေးအော်ပရေတာများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ သတ္တု လုပ်ငန်းကုမ္ပဏီများမှ တာဝန်ရှိပုဂ္ဂိုလ်များ ၊ စုစုပေါင်း ၂၈၀ ဦး တို့အား လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် ယာယီ သမ္မတဦးမြင့်ဆွေ ၊ နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန် အပါအဝင် အငြိမ်းစား အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ စုစုပေါင်း ၅၁ ဦးတို့အား စကျင်ကျောက်တုံးတော်ကြီး စတင်တွေ့ရှိမှု၊ တူးဖော်မှု မှစ၍ ဗုဒ္ဓဘိသေကအနေကဇာတင် မင်္ဂလာအခမ်းအနား ပြုလုပ်မည့် အချိန်အထိ ဦးဆောင်ဘုရားဒါယကာ ကိုယ်တိုင် ဦးစီးလျက် လုပ်ငန်းတာဝန်ရှိသူအဆင့်ဆင့် တို့၏ စနစ်တကျစီမံဆောင်ရွက်မှုအပေါ် ရှင်းလင်းပေးခဲ့ရာ တက်ရောက်လာ သည့် ဧည့်ပရိတ်သတ်များကလည်း ရှင်းလင်းပေးမှုအပေါ် အာရုံပြု၍ ကြည်ညို သဒ္ဒါတရား ထက်သန်မှုများ အရှိန်အဟုန်မြင့်တက်လျက် မာရဝိဇယ ဗုဒ္ဓရုပ်ပွား‌ တော်မြတ်ကြီးနှင့်တကွ ဗုဒ္ဓဉယျာဉ်တော် တစ်ခုလုံးအတွက် ဘဝနောင်ရေး ကုသိုလ်ယူစိတ်တို့ဖြင့် ပါဝင်လှူဒါန်းမှု ပြုကြရာ ပထမအကြိမ်နှင့် ဒုတိယအကြိမ် လှူဒါန်းမှုအလှူငွေ စုစုပေါင်းမှာ ၁၆ ဘီလီယံကျော်ဖြစ်ပါကြောင်း၊ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့်အတူ ဗုဒ္ဓဉယျာဉ်တော်အတွင်းရှိ သာသနိကအဆောက်အဦများအတွက် ဗုဒ္ဓါဘိသေကာ အနေကဇာတင်လှူခြင်း နှင့် ရေစက်သွန်းချ အမျှပေးဝေမှု မတိုင်မီ လှူဒါန်းရသော အလှူသည် ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးနှင့် ဗုဒ္ဓဉယျာဉ်တော် ပေါ်ပေါက်လာရေးအတွက် ကနဦး လှူဒါန်းကြရသည့် ထူထောင်ကြသူ (Founder) များ ဖြစ်လာကြတော့မည်ဖြစ်ကြောင်း၊ မကြာမီကျင်းပသွားမည့် ဗုဒ္ဓါဘိသေကာ အနေကဇာတင်လှူခြင်းနှင့် ကျောက်စာ ရုံများ ထီးတော်တင်လှူခြင်း ရေစက်ချမင်္ဂလာအခမ်းအနား ဆောင်ရွက်ပြီး နောက်မှ ကြည်ညိုသဒ္ဒါပွားများစိတ်ဖြင့် လှူဒါန်းမှုကုသိုလ် များမှာ ကုသိုလ်ဆက် အလှူရှင် အဖြစ်သာ ကုသိုလ်ကံအကျိုး တရားခံစား ကြရမှာဖြစ်ကြောင်းကိုလည်း ခွဲခြား၍ အသိပေးလိုပါကြောင်း။

ဆက်လက်ပြီး မြတ်ဗုဒ္ဓ၏ ဘာသာ၊ သာသနာ အကျိုးငှာ ပစ္စည်းလေးပါး ဒါယကာ၊ ဒါယိကာမများအဖြစ် ရက်ရောစွာ လှူဒါန်းမှု ပြုခဲ့ကြ၍ နိုင်ငံတော် အစိုးရ အဆက်ဆက်မှ ဂုဏ်ပြုချီးမြှင့်ခဲ့သည့် ဘာသာရေးနှင့် သာသနာရေး ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်ရရှိသူများအနက်မှ ပထမအကြိမ် ရှင်းလင်းပွဲ၌ မပါရှိသူများကိုလည်း မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ကမ္ဘာ့သာသနာ ဗုဒ္ဓစာကြည့်တိုက် အဖြစ် တည်ရှိနေမည့် ကျောက်စာရုံစေတီတော်များ အပါအဝင် ဗုဒ္ဓဉယျာဉ် အတွင်းရှိ သာသနိကအဆောက်အဦများ ဖြစ်ပေါ်လာမှု အဆင့်ဆင့်တို့အား ကိုယ်တိုင်ကိုယ်ကျ မျက်ဝါးထင်ထင် တွေ့မြင်ခွင့်နှင့် ကြည်ညိုသဒ္ဒါပွားများ နိုင်စေရေးအလို့ငှာ နိုင်ငံတော်အကြီးအကဲကိုယ်တိုင် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက် (တနင်္ဂနွေနေ့)တွင် တတိယအကြိမ် ရှင်းလင်းပြ သပေးမည်ဖြစ်ကြောင်း ကိုလည်း သတင်းကောင်း ပြောကြားလိုပါကြောင်း။
ထို့ကြောင့် ဆင်းတုတော် ဉာဏ်တော် အမြင့် ၆၃ ပေ ၊ ပလ္လင်တော်အမြင့် ၁၈ ပေ စုစုပေါင်း ဉာဏ်တော်အမြင့် ၈၁ ပေနှင့် ဆင်းတုတော်အလေးချိန် ၁၇၈၂ တန်၊ ပလ္လင်တော်အလေးချိန် ၃၅၁၀ တန် စုစုပေါင်း ၅၂၉၂ တန်ရှိသည့် ရတနာပုံခေတ် ဘူမိဖဿပုံစံ ထုဆစ်ထားတော် မူသော မာရဝိဇယ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး၏ ဗုဒါ္ဓဘိသေကအနေကဇာတင် မင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ကြီးမားသောရည်ရွယ်ချက် ကောင်းများဖြင့် ကမ္ဘာ့သာသနာ့ဗုဒ္ဓစာကြည့်တိုက် အဖြစ် ကျောက်စာရုံ စေတီတော်များ ထီးတော်တင်လှူနိုင်ရေးနှင့် ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ဆောက်ပြီးစီးခဲ့သည့် သာသနိကအဆောက်အဉီများ ရေစက်ချကုသိုလ် တော်မင်္ဂလာအခမ်းအနားများ နိုင်ငံတော်အဆင့် အောင်မြင်စွာ ကျင်းနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၈ ရက်တွင် ဦးစီးကော်မတီနှင့် ဆပ်ကော်မတီ ၉ ခု ဖွဲ့စည်းပေးခဲ့ကြောင်း၊ အခမ်းအနားကျင်းပမည့် ရက်အချိန်နီးကပ်သည့်အတွက် ဆပ်ကော်မတီများ၏ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထား ရှိမှုများ၊ ဆက်လက်ဆောင်ရွက်ရန်ကျန်ရှိမှုများ၊ ဗဟိုကော်မတီ မှပံ့ပိုးပေးရန်လိုအပ်မှု၊ ဆပ်ကော်မတီအလိုက် ဇာတ်တိုက် လေ့ကျင့်မှုများကို နေ့၊ည အင်တိုက်အားတိုက် ဆောင်ရွက်ကြရမည် ဖြစ် ကြောင်း။
မင်္ဂလာအခမ်းအနားကျင်းပရာတွင် ပြည်ပနိုင်ငံများမှကြွရောက်တော် မူလာကြမည့် ဆရာတော်ကြီးများ၊ ပြည်တွင်းထေရ်ကြီးဝါကြီးဆရာတော်ကြီး များ၊ သံဃာတော်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီး များ၊ ဝန်ကြီးဌာနအလိုက်တာဝန်ရှိသူများ၊ အလှူရှင်များအပါအဝင် အခမ်းအနား သို့ ကြွရောက်လာကြမည့် သံဃာတော်များနှင့် ဧည့်သည်တော်များအားလုံး မင်္ဂလာအခမ်းအနားစတင်ကျင်းပချိန်မှပြီးဆုံးချိန်အထိ အခမ်းအနားများအလိုက် စိတ်နှလုံးရွှင်လန်းအေးချမ်းစွာဖြင့် ကုသိုလ်ပွားများနိုင်ရန်အတွက် လှူဒါန်းရမှု ၏ ပီတိသောမနဿစိတ်ဖြင့် အာရုံပြုနိုင်ရေး ဆပ်ကော်မတီများအလိုက် လုပ်ငန်းတာဝန်များကို အသေးစိတ် စီမံဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဆပ်ကော်မတီ မဟုတ်သော်လည်း မိမိတို့အတွေ့အကြုံအရ လိုအပ်ချက်နှင့် အကြံပြုချက် များရှိပါက ပါဝင်ဖြည့်စွက်ဆွေးနွေးအကြံပြုစေလိုကြောင်း၊ အရေးကြီးဆုံး အချက်မှာ မင်္ဂလာအခမ်းအနားများ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေးဖြစ် ကြောင်း၊ ထို့ကြောင့် ယနေ့ကျင်းပသည့် ညှိနှိုင်းအစည်းအဝေးတွင် မိမိတို့ ဆပ်ကော်မတီအလိုက် ဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်ရန်ကျန်ရှိမှု နှင့် လိုအပ်ချက်များကို ပွင့်လင်းစွာ ဆွေးနွေးကြစေလိုကြောင်း၊ အခမ်းအနား များ မကျင်းပမီ၊ အခမ်းအနားကျင်းပနေစဉ်နှင့် အခမ်းအနားကျင်းပပြီး ဆုံးသည့်ကာလအထိ လုံခြုံရေး ကဏ္ဍကို ဘက်ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံမှ သုံးသပ်ရှုမြင်၍ စနစ်တကျစီမံ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မာရဝိဇယ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး ဗုဒ္ဓဘိသေကအနေကဇာတင်လှူခြင်း၊ ကျောက်စာရုံများ ထီးတော်တင်လှူခြင်းနှင့် ရေစက်ချအခမ်းအနား ကျင်းပပြီး နောက်ပိုင်း ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၆ ရက် အထိ ဘုရားဖူးပြည်သူများ အားလုံးကို မင်္ဂလာအခမ်းအနားများ အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် မည်သူမဆို လုံခြုံရေးအရ စစ်ဆေးမှုခံယူပြီး အခမဲ့ ဝင်ရောက်ဖူးမြော် ကြည်ညို ခွင့်ပြုမည်ဖြစ်ကြောင်းနှင့် အဆိုပါ နေ့ရက်နောက်ပိုင်းတွင်မူ နိုင်ငံတကာ ထုံးတမ်းအစဉ်အလာများနှင့်အညီ သတ်မှတ်အခကြေးငွေဖြင့် ဖူးမြော်ကြည်ညို လေ့လာခွင့်တို့အား ဆောင်ရွက်နိုင်ရေးကိုလည်း လျာထားအစီအစဉ်များ ရေးဆွဲ တင်ပြ အတည်ပြုချက်ရယူရန်လည်း လိုအပ်မှာဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် သာသနာရေးဦးစီးဌာနမှ ကျွန်းကျင်ပညာရှင် ဦးသူရက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်လှူခြင်း၊ ကျောက်စာရုံများထီးတော်တင်လှူခြင်းနှင့် ရေစက်ချအခမ်းအနား ကျင်းပမည့် အစီအစဉ်များကိုလည်းကောင်း၊ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း က အခမ်းအနားများအောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားရှိမှုများကိုလည်းကောင်း၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်အောင် က သံဃာတော်များ ပင့်ဖိတ်ထားရှိမှုနှင့် စပ်လျဉ်း၍လည်း ကောင်း ရှင်လင်းတင်ပြကြသည်။

ယင်းနောက် ဖိတ်ကြားရေးဆပ်ကော်မတီ၊ ကြိုဆိုနေရာချထားရေးဆပ် ကော်မတီ၊ သယ်ယူပို့ဆောင်ရေးဆပ်ကော်မတီ၊ အခမ်းအနားပြင်ဆင်ရေး ဆပ်ကော်မတီ၊ အခမ်းအနားကျင်းပရေးဆပ်ကော်မတီ၊ ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ လုံခြုံရေးဆက်ကော်မတီနှင့် ပြန်ကြားရေးဆပ်ကော်မတီတို့မှတာဝန်ရှိသူများက မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်လှူခြင်း၊ ကျောက်စာရုံများ ထီးတော် တင်လှူခြင်းနှင့် ရေစက်ချအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက်ဆောင် ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဉက္ကဋ္ဌ၏ အကြံပေးပုဂိ္ဂုလ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စု ဝန်ကြီး ဦးမျိုးသန့်နှင့် တာဝန်ရှိသူများက ဖြည့်စွက်ရှင်းလင်းဆွေးနွေး တင်ပြ ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ရှင်းလင်းတင်ပြချက်များနှင့် စပ်လျင်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။