မြန်မာ့စီးပွားရေးဘဏ်မှ အများပြည်သူသို့ အသိပေးကြေညာချက်

မြန်မာ့စီးပွားရေးဘဏ်မှ အများပြည်သူသို့ အသိပေးကြေညာချက်

၁။      နိုင်ငံတော်ပိုင် မြန်မာ့စီးပွားရေးဘဏ်သည် အများပြည်သူ၏ အပ်နှံငွေများကို လက်ခံထိန်းသိမ်းပေးပြီး ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိပါသည်။ ထို့ပြင် အစိုးရဌာနများ အားလုံး၏ ငွေစာရင်းများကို ထိန်းသိမ်း ဆောင်ရွက်ပေးလျက်ရှိပြီး အငြိမ်းစား ဝန်ထမ်းများ၏ အငြိမ်းစား လစာများကိုလည်း တာဝန်ယူ ထုတ်ပေးလျက်ရှိပါသည်။

၂။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ၂ဝ၂၁ ခုနှစ်၊ ဧပြီလ (၂၇) ရက်စွဲဖြင့် ''ပြည်သူများအနေဖြင့် လက်ဝယ်ရှိငွေသားများကို   လုံခြုံမှုအတွက် ဘဏ်များတွင် အပ်နှံလိုပါက အထူးကိစ္စရပ်အနေဖြင့် ၂ဝ၂၁ ခုနှစ်၊ မေလ (၃) ရက်နေ့မှစပြီး ဘဏ်များတွင် ဘဏ်စာရင်း အသစ်များ ဖွင့်လှစ်၍ ငွေသားအပ်နှံ ထည့်သွင်းခွင့်ပြုမည်ဖြစ်ပြီး ထိုစာရင်းအသစ်မှ ငွေသားပြန်လည် ထုတ်ယူလိုပါက အပ်နှံငွေသား ပမာဏအတွင်း ကန့်သတ်ချက်မရှိဘဲ ထုတ်ယူခွင့်ပြုမည်'' ဖြစ်ကြောင်း သတင်း ထုတ်ပြန်ထားပြီးဖြစ်ပါသည်။ အဆိုပါ သတင်းထုတ်ပြန်ချက်နှင့်အညီ မြန်မာ့စီးပွားရေးဘဏ်(နေပြည်တော်)၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြန်မာ့စီးပွားရေး ဘဏ်များတွင် ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

၃။ ယခုအခါ  ပြည်သူများ ဘဏ်စာရင်းအသစ် ဖွင့်လှစ်၍ ငွေသားအပ်နှံမှု လုပ်ငန်းစဉ်များကို အဆင်ပြေချောမွေ့စေရန် အထူးဝန်ဆောင်မှု အစီအစဉ်တစ်ရပ်အဖြစ် ၂ဝ၂၁ ခုနှစ်၊ မေလ (၁၇) ရက်(တနင်္လာနေ့)မှစတင်၍ အောက်ပါအစီအစဉ်အတိုင်း ဆောင်ရွက်ပေးမည်ဖြစ်ပါသည် -

    (က) အထူးဝန်ဆောင်မှု ဆောင်ရွက်ပေးမည့်နေရာ 

            မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲ(၁) ပထမထပ်အမှတ် (၄၃/၄၅)၊ ပန်းဆိုးတန်းလမ်း ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား ကျောက်တံတားမြို့နယ်၊ ရန်ကုန် မြို့ ဖုန်းနံပါတ် - ဝ၁- ၃၈၇၅၅၂ ၊ ဝ၁-၃၇၉၃၅၁

    (ခ) ဝန်ဆောင်မှုပေးမည့်လုပ်ငန်းများ

        (၁)စာရင်းအသစ် ဖွင့်သူများအတွက် အထူးကောင်တာ သီးခြားဖွင့်လှစ် ထားရှိမည်ဖြစ်ပြီး စာရင်းအသစ် ဖွင့်လှစ်ပေးခြင်းနှင့် ငွေသားအပ်နှံမှု လက်ခံခြင်းတို့ကို ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

        (၂)အဆိုပါစာရင်းအသစ်မှ အခြားငွေပေးချေမှုများ ဖြစ်သည့် စာရင်းပြောင်းနည်းလမ်း၊ ငွေပေးအမိန့်လွှာ၊ ချက်လက်မှတ်များဖြင့် ထုတ်ပေးသည့် နည်းလမ်းများကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ငွေသားပြန်လည် ထုတ်ယူလိုပါကလည်း အပ်နှံထားသည့် ငွေပမာဏအတွင်း ကန့်သတ်ချက်မရှိ ထုတ်ယူနိုင်ပါသည်။

       (၃)အဆိုပါ အထူးကောင်တာမှ မြန်မာ့စီးပွားရေးဘဏ် ခရိုင်ဘဏ်ခွဲ (၇၆) ဘဏ်သို့ အပြန်အလှန် ငွေလွှဲပေးပို့ခြင်းကို ငွေသားဖြင့် ဆောင်ရွက်ပေး မည် ဖြစ်ပါသည်။

      (၄)ငွေသားအပ်နှံမှု၊ ထုတ်ယူမှုနှင့် ငွေလွှဲပေးပို့မှု စသည့် ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများကို လွယ်ကူလျင်မြန်စွာ ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

 

မြန်မာ့စီးပွားရေးဘဏ်