မြန်မာ့စီးပွားရေးဘဏ်မှ အများပြည်သူသို့ အသိပေးကြေညာချက်

၁။        နိုင်ငံတော်ပိုင် မြန်မာ့စီးပွားရေးဘဏ်သည် အများပြည်သူ၏ အပ်နှံငွေများကို လက်ခံထိန်းသိမ်း ပေးပြီး ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့ပြင် အစိုးရဌာနများအားလုံး၏ ငွေစာရင်းများကို ထိန်းသိမ်းဆောင်ရွက်ပေးလျက်ရှိပြီး အငြိမ်းစားဝန်ထမ်းများ၏ အငြိမ်းစား လစာများ ကိုလည်း တာဝန်ယူထုတ်ပေးလျက်ရှိပါသည်။

၂။         မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ၂၀၂၁ ခုနှစ်၊ ဧပြီလ (၂၇) ရက်စွဲဖြင့် “ပြည်သူများအနေဖြင့် လက်ဝယ် ရှိငွေသားများကို   လုံခြုံမှုအတွက် ဘဏ်များတွင်အပ်နှံလိုပါက အထူးကိစ္စရပ်အနေဖြင့် ၂၀၂၁ ခုနှစ်၊ မေလ (၃) ရက်နေ့မှစပြီး ဘဏ်များတွင် ဘဏ်စာရင်းအသစ်များဖွင့်လှစ်၍ ငွေသားအပ်နှံ ထည့်သွင်း ခွင့်ပြုမည် ဖြစ်ပြီး ထိုစာရင်းအသစ်မှ ငွေသားပြန်လည်ထုတ်ယူလိုပါက အပ်နှံငွေသားပမာဏအတွင်း ကန့်သတ်ချက် မရှိဘဲ ထုတ်ယူခွင့်ပြုမည်” ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပြီးဖြစ်ပါသည်။ အဆိုပါ သတင်းထုတ်ပြန် ချက်နှင့်အညီ  မြန်မာ့စီးပွားရေးဘဏ် (နေပြည်တော်)၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြန်မာ့စီးပွားရေး ဘဏ်များတွင် ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။                                   

၃။        ယခုအခါ ပြည်သူများဘဏ်စာရင်းအသစ်ဖွင့်လှစ်၍ ငွေသားအပ်နှံမှုလုပ်ငန်းစဉ်များကို အဆင်ပြေ ချောမွေ့စေရန်   အထူးဝန်ဆောင်မှုအစီအစဉ်တစ်ရပ်အဖြစ် ၂၀၂၁ ခုနှစ်၊ မေလ (၁၇)ရက် (တနင်္လာနေ့)မှ စတင်၍    အောက်ပါအစီအစဉ်အတိုင်း ဆောင်ရွက်ပေးမည်ဖြစ်ပါသည် -

            (           က        ) အထူးဝန်ဆောင်မှုဆောင်ရွက်ပေးမည့်နေရာ မြန်မာ့စီးပွားရေးဘဏ်၊  ဘဏ်ခွဲ(၁)  ပထမထပ်အမှတ် (၄၃/၄၅)၊ ပန်းဆိုးတန်းလမ်း ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား ကျောက်တံတား မြို့နယ်၊ ရန်ကုန်မြို့ ဖုန်းနံပါတ် - ၀၁- ၃၈၇၅၅၂၊ ၀၁-၃၇၉၃၅၁

           

(           ခ          )           ဝန်ဆောင်မှုပေးမည့်လုပ်ငန်းများ

(           ၁          )           စာရင်းအသစ်ဖွင့်သူများအတွက် အထူးကောင်တာ သီးခြားဖွင့်လှစ်ထားရှိမည် ဖြစ်ပြီး စာရင်းအသစ်ဖွင့်လှစ်ပေးခြင်းနှင့် ငွေသားအပ်နှံမှုလက်ခံခြင်းတို့ကို ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

(           ၂          )           အဆိုပါစာရင်းအသစ်မှ အခြားငွေပေးချေမှုများဖြစ်သည့်  စာရင်းပြောင်းနည်းလမ်း၊ ငွေပေးအမိန့်လွှာ၊ ချက်လက်မှတ်များဖြင့် ထုတ်ပေးသည့်နည်းလမ်းများကိုလည်း ဆောင်ရွက်နိုင် မည်ဖြစ်ပါ သည်။ ငွေသားပြန်လည်ထုတ်ယူလိုပါကလည်း အပ်နှံထားသည့် ငွေပမာဏအတွင်း ကန့်သတ်ချက်မရှိ ထုတ်ယူနိုင်ပါသည်။

            (           ၃          )           အဆိုပါအထူးကောင်တာမှ မြန်မာ့စီးပွားရေးဘဏ်ခရိုင်ဘဏ်ခွဲ (၇၆)ဘဏ် သို့ အပြန်အလှန်ငွေလွှဲပေးပို့ခြင်းကို ငွေသားဖြင့်ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

            (           ၄          )           ငွေသားအပ်နှံမှု၊ ထုတ်ယူမှုနှင့် ငွေလွှဲပေးပို့မှုစသည့် ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများကို လွယ်ကူလျင်မြန်စွာ ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

မြန်မာ့စီးပွားရေးဘဏ်