မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံး အသင်း ပြည်ပခရီးစဉ် သွားရောက်ပြီး နိုင်ငံတကာ ခြေစမ်းပွဲစဉ်များ ယှဉ်ပြိုင်ကစားမည်

မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံး အသင်း ပြည်ပခရီးစဉ် သွားရောက်ပြီး နိုင်ငံတကာ ခြေစမ်းပွဲစဉ်များ ယှဉ်ပြိုင်ကစားမည်

၂ဝ၂၂ အမျိုးသမီး အာရှဖလားပြိုင်ပွဲ ဝင်ခွင့်ရရှိထားသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်းသည် ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် ဒီဇင်ဘာလအတွင်း  ပြည်ပလေ့ကျင့်ရေး ခရီးစဉ်သွားရောက်ပြီး နိုင်ငံတကာ ခြေစမ်းပွဲစဉ်များ ယှဉ်ပြိုင် ကစားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ၂ဝ၂၂ အမျိုးသမီး အာရှဖလားပြိုင်ပွဲ ခြေစစ်ပွဲစဉ်အပြီး စခန်းသွင်းလေ့ကျင့်မှုများ  ရပ်နားထားပြီး  လာမည့်ရက်ပိုင်းအတွင်း ပဏာမ ကစားသမားများဖြင့် ပြိုင်ပွဲအတွက်  စခန်းသွင်းလေ့ကျင့်မှုများ စတင် ပြုလုပ်မည်ဖြစ်ကာ   ဒီဇင်ဘာလအတွင်း ပြည်ပလေ့ကျင့်ရေး ခရီးစဉ် သွားရောက်၍ နိုင်ငံတကာ ခြေစမ်းပွဲစဉ်များ   ကစားရန် ပြင်ဆင်နေခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း သည် ၂ဝ၂၂ အမျိုးသမီး အာရှဖလားပြိုင်ပွဲတွင် အာရှထိပ်သီး အသင်းများနှင့် တစ်အုပ်စုတည်း   ကျရောက်နေသည့် အတွက် ခက်ခဲနိုင်သည့်  အခြေအနေများကြောင့်    ကြိုတင်ပြင်ဆင်မှုများကို   အစောဆုံး ပြန်လည်လုပ်ဆောင်ရန်   ပြင်ဆင်နေပြီး ထိပ်တန်းအသင်းများနှင့် ခြေစမ်းပွဲကစားရန် စီစဉ်နေကြောင်း သိရသည်။