မြန်မာ့သိုင်းအခြေခံ သင်တန်းဆင်းပွဲများပြုလုပ်

နေပြည်တော်၊ မေ - ၂၈

ရန်ကုန်တိုင်းစစ်ဌာနချုပ်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တို့ရှိ တပ်မတော်သား မိသားစုဝင် သား၊ သမီးများ၏ မြန်မာ့သိုင်းအခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၁) သင်တန်းဆင်းပွဲများကို ယနေ့တွင် အဆိုပါတိုင်းစစ်ဌာနချုပ်များရှိ ခန်းမများ၌ ပြုလုပ် ရာ တိုင်းမှူးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးများက သင်တန်းဆင်းအမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများ၏ သိုင်းစွမ်းရည် သရုပ်ပြသမှုများကို ကြည့်ရှုအားပေးပြီး သင်တန်းနည်းပြများအား ဂုဏ်ပြုချီးမြှင့်ငွေ များနှင့် သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ အသီးသီး ပေးအပ်ကြသည်။

အဆိုပါ ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ မြန်မာ့သိုင်းအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၁)ကို သင်တန်းသား၊ သင်တန်းသူ ၇၄ ဦးဖြင့် လည်းကောင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၏ မြန်မာ့သိုင်းအခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၁)ကို သင်တန်းသာ၊ သင်တန်းသူ ၈၀ ဦးဖြင့် လည်းကောင်း အသီးသီးဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်သည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ စခန်းမှူးရုံး၏ မြန်မာ့သိုင်းအခြေခံ သင်တန်းဆင်းပွဲကို ယနေ့ညနေပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်း ရှိ အားကစားကွင်း၌ ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ စခန်းမှူးရုံး ၊ ဒုတိယစခန်းမှူး ဗိုလ်မှူးကြီး ကျော်ဇင်လင်း နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဒုတိယစခန်းမှူးက သင်တန်းဆင်းအမှာစကားပြောကြားကာ တက်ရောက်လာကြ သူများနှင့်အတူ သင်တန်းသား၊ သင်တန်းသူများ၏ သိုင်းစွမ်းရည်သရုပ်ပြသမှုများကို ကြည့်ရှုအားပေးသည်။ ထို့နောက် သင်တန်းနည်းပြများအား ဂုဏ်ပြုချီးမြှင့်ငွေများနှင့် သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။