မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးအား ဖြတ်ကျော်ဝင်ရောက်ရန် ကြိုးပမ်းလာသည့် RSO  ကုလားဆိုးသောင်းကျန်းသူများအား ပစ်ခတ် တားဆီးနိုင်ခဲ့

မြန်မာနိုင်ငံ၏ အနောက်ဘက်ခြမ်း လုံခြုံရေးအတွက် ရခိုင်ပြည်နယ် အတွင်းနှင့်   မြန်မာ-ဘင်္ဂလားဒေ့ရှ်   နယ်စပ်မျဉ်းတစ်လျှောက်၌ လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်စပ်ဒေသ လုံခြုံရေး၊  တည်ငြိမ်အေးချမ်းရေး၊ တရားမဝင် ဖြတ်ကျော်မှုနှင့် မူးယစ်ဆေးဝါးများ သယ်ယူပို့ဆောင်မှု မရှိစေရေးအတွက် လုံခြုံရေး လုပ်ငန်းများကို နေ့ညမပြတ် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိစဉ် မောင်တောမြို့နယ် အတွင်းနှင့် နယ်စပ်မျဉ်းတစ်လျှောက်   လုံခြုံရေး ဆောင်ရွက်နေသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များသည် ယနေ့ နံနက်ပိုင်း ၇ နာရီခွဲခန့်တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှတ်တိုင်အမှတ် ဘီပီ-၅၁ နှင့် ၅၂ ကြားနေရာသို့ အရောက်၌ နယ်စပ်ခြံစည်းရိုးအား ဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်းမှ မြန်မာနိုင်ငံ အတွင်းသို့ ဝင်ရောက်ရန်ကြိုးပမ်းနေသည့် RSO ကုလားဆိုး သောင်းကျန်းသူအင်အား ၅ဝ ဦးခန့်အား တွေ့ရှိခဲ့သဖြင့် ပစ်ခတ်တားဆီးခဲ့ရာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်းသို့ ဆုတ်ခွာထွက်ပြေး သွားခဲ့သည်။

ဖြစ်စဉ်တွင် အနက်ရောင်တီရှပ်လက်ရှည်နှင့် အားကစားဘောင်းဘီဝတ်ဆင်ထားသည့်  RSO ကုလားဆိုး အကြမ်းဖက်သောင်းကျန်းသူတစ်ဦး၏အလောင်းအား အမ်-၂၂ သေနတ် ၁ လက်၊ခဲယမ်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ သိမ်းဆည်းရမိခဲ့ပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့်  ဘူးသီးတောင်မြို့နယ်ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် နယ်စပ်ဒေသ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး လုပ်ငန်းများကို  ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။