မြန်အောင်မြို့၌ အောက်ဆီဂျင် ထုတ်လုပ်သည့်စက် စမ်းသပ် လည်ပတ်နေမှုနှင့် အခြေအနေများအား ကြည့်ရှု

မြန်အောင်မြို့၌ အောက်ဆီဂျင် ထုတ်လုပ်သည့်စက် စမ်းသပ် လည်ပတ်နေမှုနှင့် အခြေအနေများအား ကြည့်ရှု

နေပြည်တော်၊ စက်တင်ဘာ - ၂၃

  ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန် အတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိသည်။

ထိုသို့ တပ်ဆင် ထုတ်လုပ်ပေးလျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့၌ အောက်ဆီဂျင် ထုတ်လုပ်သည့်စက် စမ်းသပ်လည်ပတ်နေမှု အခြေ အနေများအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးနေမင်းထွန်းနှင့် တာဝန်ရှိသူ များက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။